ဗျည်းအက္ခရာတေးကဗျာ
က ကလေးငယ် ဆော့ချင်တယ်
ခ ခလောင်သံကြား တောကိုသွား
ဂ ဂဏန်းသင် အလွန်ငိုချင်
င ငကျွဲစပါး ဈေးကများ
စ စကားထာ မဖြေနိုင်ပါ
ဆ ဆရာမ ကျူရှင်ပြ
ဇ ဇရာအို အပျိုလို
ည ညသိပ်ရေ အေးမြပေ
တ တပိုတပါး သတိနဲ့သွား
ထ ထရံအကာ အပေါက်ပါ
ဒ ဒလဟော ရေမှာမျော
ဓ ဓနရှင် ၀င်ငွေရွှင်
န နမော်နမဲ့ မလုပ်နဲ့ကွဲ့
ပ ပဟေဠိ အဖြေညှိ
ဖ ဖယောင်းဝါး တူဖြစ်သွား
ဗ ဗယာကြော် ရောင်းကောင်းသနော်
ဘ ဘရန်ဒီ ဈေးကြီးသည်
မ မတော်တရော် မလုပ်နဲ့နော်
ယ ယတြာချေ ငွေကုန်ပေ
ရ ရဟတ် လည်လို့ပတ်
လ လစဉ်ကြေး မှန်မှန်ပေး
ဝ ၀ရန်တာ ချစ်သူရှာ
သ သတင်းစကား နားစွင့်ထား
ဟ ဟဒယရွှင် ရယ်ချင်ချင်
အ အချိတ်ပုဆိုး ပွဲမတိုး
ပျော်ရွှင်နိုင်ကြပါစေ..........
ကိုရင်ကျော်
------------------------------
(၉-၉-၂၀၁၁) (၁၀း၁၀) နာရီ
------------------------------
No comments:
Post a Comment