ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား

Friday, July 20, 2012

မွေးနေ့ နှငု့် မွေးရက် ဆုံမယ့်နှစ်တွက်နည်း

မွေးနေ့ နှငု့် မွေးရက် ဆုံမယ့်နှစ်တွက်နည်း

မိမိတို့မွေးလရောက်တိုင်း မိမိ၏ မွေးနေ့ နှင့် မွေးရက် တစ်ထပ်တည်းကျ မကျ သိလိုကြပေမည်။

မွေးနေ့ နှင့် မွေးရက် မဆုံသည်က များပါလိမ့်မည်။ မိမိ နှင့် မိမိ သူငယ်ချင်းများ အတွက် တွက်ချက်ကြည့်နိုင်သည့်နည်းလမ်းများကို တင်ပြလိုက်ရပါသည်။

ပထမဆုံး အုပ်စုကြီး သုံးခုကို အောက်ပါအတိုင်းခွဲပါမည်-

အုပ်စုကြီး(၁) ဇန်န၀ါရီလ (၁)ရက်မှ ဖေဖော်ဝါရီလ (၂၈)ရက်အတွင်းမွေးဖွားသူများ။

အုပ်စုကြီး(၂) မတ်လ (၁)ရက်နေ့မှ ဒီဇင်ဘာလ(၃၁)ရက်အတွင်း မွေးဖွားသူများ။

အုပ်စုကြီး(၃) ဖေဖော်ဝါရီလ (၂၉)ရက်တွင်မွေးဖွားသူ။

အုပ်စုကြီး(၃)တွင် မွေးဖွားသူသည် ရက်ထပ်နှစ်တွင် မွေးဖွားသူဖြစ်၍ လေးနှစ် တစ်ကြိမ်သာ ပါဝင်ပါသည်။ ထိုသူ၏ မွေးနေ့ နှင့် မွေးရက် တို့သည် (၂၈)နှစ်ကြာမှသာ တစ်ကြိမ်ဆုံ နိုင်ပါသည်။

ဥပမာ- ၁၉၇၂ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉)ရက်နေ့တွင် မွေးဖွားသူသည် အင်္ဂါသားဖြစ်၍ နောက်(၁၈)နှစ် ကြာသည့် ၂၀၀၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၉)ရက်နေ့တွင် မှ မွေးနေ့ နှင့် မွေးရက် ဆုံပါသည်။

အုပ်စုကြီး(၁)နှင့်(၂)တွင်ပါဝင်သော သူများအတွက် အုပ်စုငယ်(၄)ခုစီထပ်မံ ခွဲပါမည်။

အုပ်စုငယ်(၁) မိမိမွေးသက္ကရာဇ်ကို (၄)ဖြင့်စားသော် (၁)ကြွင်းသူ

အုပ်စုငယ်(၂) မိမိမွေးသက္ကရာဇ်ကို (၄)ဖြင့်စားသော် (၂)ကြွင်းသူ

အုပ်စုငယ်(၃) မိမိမွေးသက္ကရာဇ်ကို (၄)ဖြင့်စားသော် (၃)ကြွင်းသူ

အုပ်စုငယ်(၄) မိမိမွေးသက္ကရာဇ်ကို (၄)ဖြင့်စားသော် (၀)ကြွင်းသူ

အောက်တွင်ဖော်ပြထားသော ဇယားကို အသုံးပြု၍ မွေးနေ့ နှင့် မွေးရက် ဆုံမိသည့် နှစ်ကို တွက်ချက်ရန် အသုံးပြုရမည်။

အုပ်စုကြီး(၁) အုပ်စုကြီး(၂)

အုပ်စုငယ်(၁) ၆ ၊ ၁၁ ၊ ၆ ၊ ၅ ၆ ၊ ၅ ၊ ၆ ၊ ၁၁

အုပ်စုငယ်(၂) ၆ ၊ ၅ ၊ ၆ ၊ ၁၁ ၁၁ ၊ ၆ ၊ ၅ ၊ ၆

အုပ်စုငယ်(၃) ၁၁ ၊ ၆ ၊ ၅ ၊ ၆ ၅ ၊ ၆ ၊ ၁၁ ၊ ၆

အုပ်စုငယ်(၄) ၅ ၊ ၆ ၊ ၁၁ ၊ ၆ ၆ ၊ ၁၁ ၊ ၆ ၊ ၅

မိမိမွေးရက်မွေးလပါသော အုပ်စုကြီးအတွက် ဒေါင်လိုက်နှင့် အုပ်စုငယ်အတွက် အလျားလိုက် ဆုံသည့် အကွက်တွင်ပါဝင်သော ကိန်းစဉ်ကို မှတ်သားရပါမည်။ အောက်ပါအတိုင်း ဆက်လက် တွက်သွားလျှင် မိမိ မွေးနေ့နှင့် မွေးရက် ဆုံသော နှစ်ကို ရပါမည်-

ဥပမာ- ၁၉၆၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက် တနင်္ဂနွေနေ့တွင် မွေးဖွားသူကို တွက်ပြပါမည်။

မွေးနေ့ရှင်သည် အုပ်စုကြီး(၁)တွင်ပါဝင်ပါသည်။

မွေးသက္ကရာဇ်ကို (၄)ဖြင့်စားသော် (၁)ကြွင်းပါသည်။ အုပ်စုငယ်(၁)တွင်ပါဝင်ပါသည်။

ထို့ကြောင့် အုပ်စုကြီး(၁)နှင့် အုပ်စုငယ်(၁)တို့ ဆုံသည့် အကွက်တွင် ၆ ၊ ၁၁ ၊ ၆ ၊ ၅ ကိုတွေ့ရသဖြင့် ထိုသူသည် မွေးဖွားပြီး(၆)နှစ်အကြာ ၁၉၆၇ ခုနှစ်၊ နောက်(၁၁)နှစ်အကြာ ၁၉၇၈ ခုနှစ်၊ နောက် (၆)နှစ်အကြာ ၁၉၈၄ ခုနှစ်၊ နောက် (၅)နှစ်အကြာ ၁၉၈၉ခုနှစ်၊ နောက်(၆)နှစ်အကြာ ၁၉၉၅ ခုနှစ်၊
နောက် (၁၁)နှစ်အကြာ ၂၀၀၆ ခုနှစ်၊ နောက် (၆)နှစ်အကြာ ၂၀၁၂ ခုနှစ်၊ နောက်(၅)နှစ်အကြာ ၂၀၁၇ ခုနှစ် တို့တွင် မွေးနေ့ တနင်္ဂနွေနှင့် မွေးရက် (၁၉)ရက်တို့ ဆုံကြောင်း သိရှိနိုင်ပါသည်။

လေ့ကျင့်ခန်းအနေဖြင့် ၁၉၆၇ခုနှစ်၊ ဇွန်လ (၁၅)ရက် ကြာသပတေးနေ့တွင် မွေးဖွားသူ ကို တွက်ပေးပါ။

မိမိတို့သိလိုသည့် မွေးနေ့ နှင့် မွေးရက်များကို တင်ပြပေးပါ တွက်ပေးပါမည်။

လေးစားလျက်……………………

ကိုရင်ကျော်……….

……………………..

No comments: