ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား

Wednesday, July 11, 2012

ရွှေမြို့တော် ရသစုံဝတ္ထုတိုပေါင်းချုပ် အမှတ်(၂)ထုတ်မည်

ရွှေမြို့တော် ရသစုံဝတ္ထုတိုပေါင်းချုပ်စာအုပ်ကို ထုတ်ဝေခဲ့ပြီး ယခုအခါတွင် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိပါသည်။ အမှတ်(၂)စာအုပ်ကို ဆက်လက်ထုတ်ဝေမည်ဖြစ်ပါသောကြောင့် အောက်ပါ စည်းကမ်းချက်များနှင့် ကိုက်ညီသည့်သူများထံမှ စာမူများကို စိစစ်လက်ခံထည့်သွင်းသွားပါမည်-
(၁) ရွှေမြို့တော်တွင် အဖွဲ့ဝင်ထားသူ(အက်မင်များအပါအ၀င်)
(၂) ကိုယ်ရေးအချက်အလက် မှန်မှန်ကန်ကန်ဖြည့်သွင်းပေးနိုင်သူ
(၃) ပတ်စပို့ဓာတ်ပုံကို စကင်ဖတ်ပြီး ပေးပို့နိုင်သူ
(၄) တည်ဆဲဥပဒေနှင့် အရေးယူခံနေရခြင်းမဟုတ်သူ
(၅) မိဘနှစ်ပါးစလုံး မြန်မာနိုင်ငံသားဖြစ်သူ
စာမူရွေးချယ်ခြင်းခံရပါက ကိုယ်ရေးပုံစံဖြည့်သွင်းပြီး တစ်ပတ်အတွင်း ပြန်လည် ပေးပို့ရမည်ဖြစ်ပါသည်။
အခြားဆိုဒ်တွင်တင်ပြထားသည့် ၀တ္ထုတိုများကို လုံးဝလက်မခံပါ။ ၀တ္တုတို ပေါင်းချုပ်အနေဖြင့် ထုတ်ဝေသွားရန် ဆန္ဒရှိပါသည်။ အဆိုပါစာအုပ်သည် အမှတ်တရအဖြစ်ထုတ်ဝေမည်ဖြစ်သဖြင့် စီးပွားရေးအလို့ငှာ မျှော်ကိုးပြီး ထုတ်ဝေခြင်းမဟုတ်ပါ။ အကယ်၍ အကျိုးအမြတ်ပေါ်ပေါက်လာပါက ရရှိသည့်အကျိုးအမြတ်အားလုံးကို ချစ်သူမြို့တော်(ရွှေမြို့တော်)တိုးတက်ရေးအတွက်ဖြစ်စေ၊ လူမှုရေးကိစ္စအတွက်ဖြစ်စေ၊ ပရဟိတ လုပ်ငန်းအတွက်ဖြစ်စေ လှူဒါန်းပေးသွားမည်ဖြစ်ပါသည်။
အောက်ဖော်ပြပါစည်းကမ်းချက်နှင့်ကိုက်ညီပြီး ထည့်သွင်းဖော်ပြလိုသူများအနေဖြင့် ကျွန်တော် Kyaw ၏ အိမ်တွင်ဖြစ်စေ၊ အောက်တွင် မှတ်ချက်ပေး၍ဖြစ်စေ မိမိရေးသားတင်ပြထားသည့် စာမူကို တင်ပြသည့်နေ့ရက်နှင့် စာမူအမည် ဖော်ပြပေးပါရန် (Link ပေးရန်) မေတ္တာရပ်ခံအပ်ပါသည်။
(၁) ဖော်ပြလိုသည့် ၀တ္ထုတိုသည် မိမိကို်တိုင်ရေးဖြစ်ကြောင်း ၀န်ခံချက်ပေးနိုင် ရပါမည်။
(၂) အခြားမည်သည့်စာစောင်တွင်မှ ဖော်ပြထားခြင်းမရှိကြောင်း ၀န်ခံရပါမည်။
(၃) ရွေးချယ်မှုကိစ္စအ၀၀ကို Kyaw တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့်သာဆောင်ရွက်ပါမည်။
(၄) အရေအတွက် ကန့်သတ်မထားပါ။ အသုံးပြုမည့်စာမူအရေအတွက်ကို ပါဝင်မည့်သူ အရေအတွက်ပေါ်မူတည်ပြီး ပုဒ်ရေ ဆုံးဖြတ်မည်ဖြစ်ပါသည်။
(၅) ရွေးချယ်ပြီးဖြစ်ပါက စာမူများကို စာလုံးပေါင်းမှအစလိုအပ်သည်များကို ပြင်ဆင်ခြင်းပြုလုပ်ပါက လက်ခံနိုင်ရမည်ဖြစ်ပါသည်။ ပြင်ဆင်ပြီးပါက မူလတင်ပြသူထံသို့ ပြန်လည်ပေးပို့၍ အတည်ပြုချက် ရယူပါမည်။
(၆) ရွှေးချယ်ပြီးကြောင်း အကြောင်းကြားလာပါက ကလောင်အမည်၊ အမည်ရင်း၊ အလုပ်အကိုင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ဆက်သွယ်ရန်လိပ်စာ၊ တယ်လီဖုန်းရှိပါကတယ်လီဖုန်းအမှတ် စသည့်တို့ပါရှိသည့်ပုံစံကိုဖြည့်စွက်ပေးရမည်ဖြစ်ပါသည်။ (ပုံစံပို့ပေးပါမည်)
(၇) ပုံနှိပ်ထုတ်ဝေပြီးပါက ထိုက်သင့်သည့်စာမူခကို ထုတ်ပေးမည်ဖြစ်ပါသည်။ မေတ္တာ လက်ဆောင်စာအုပ်ကိုလည်းပေးအပ်မည်ဖြစ်ပါသည်။
(၈) ဖြစ်မြောက်အောင်ဆောင်ရွက်လိုသဖြင့် ၀ိုင်းဝန်းကူညီပံ့ပိုးပေးစေလိုပါသည်။
(၉) ရွေးချယ်ပုံနှိပ်ခံရသည့်စာမူနှင့်ပတ်သက်၍ ရုပ်ပြရေးခြင်း၊ ရုပ်ရှင်ဗီဒီယိုရိုက်ကူးခြင်း နှင့် အခြား မည်သည့်နေရာတွင် အသုံးပြုသည့်ဖြစ်စေ မူလရေးသားသူသည်သာ အကျိုးအမြတ်ခံစားခွင့်ရှိမည် ဖြစ်ပါသည်။
(၁၀) ထည့်သွင်းဖော်ပြလိုသူများအနေဖြင့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့ (၁၅-၈-၂၀၁၂) နောက်ဆုံးထားပြီး ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သိလိုသည်များကို မှတ်ချက်ရေးထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အကြောင်းအကြောင်းကြောင့် ချက်ချင်း ဖြေကြားပေးခြင်း မရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးစေချင်ပါသည်။ အလျင်းသင့်သည့်အချိန်တွင်ပြန်လည်ဖြေကြားပေးပါမည်။ နောက်တစ်ကြိမ် ပြန်ကြည့်ပေးစေလိုပါသည်။
အားလုံးကိုခင်မင်လေးစားစွာဖြင့်
ကိုရင်ကျော်
(၁၁-၇-၂၀၁၂)(၁၆း၄၅)နာရီ်
http://www.shwemyotaw.com/profiles/blogs/akt43

No comments: