ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား

Saturday, July 21, 2012

တရားသူကြီး တို့၏ အင်္ဂါရပ်များ

ဓမ္မပဒပါဠိတော်အဖွင့်အဌကတာ၌ ပြဆိုချက်(၃)ပါး

(၁)အနိုင်အထက် မပြုသည်လည်းတစ်ပါး

(၂)အဂတိလေးပါးသို့ မလိုက်စားသည်လည်းတစ်ပါး

(၃)အမှုနှင့်လျော်စွာ စီရင်သည်လည်းတစ်ပါး


ရာဇနီတိ၌ ပြဆိုချက် (၅)ပါး

(၁)မျိုးနွယ်သီလပြည့်စုံသည်လည်းတစ်ပါး

(၂)အဂတိလေးပါး မလိုက် မှန်ကန်သည်လည်းတစ်ပါး

(၃)ကောက်ယူဆွဲငင်ခြင်း၌ ပညာရှိသည်လည်းတစ်ပါး

(၄)ချစ်ဖွယ်သောစကားကို ဆိုတတ်သည်လည်းတစ်ပါး

(၅)ဓမ္မသတ်ရာဇသတ်ဖြတ်ထုံးတို့၌ လိမ္မာခြင်းသည်လည်းတစ်ပါး


မနုသာရရွှေမျဉ်းစသည့်ကျမ်းတို့၌ပြသည့်ပြဆိုချက်(၈)ပါး

(၁)အမျိုးမြတ်သည်။

(၂)သီလရှိသည်။

(၃)တရားသူကြီးဂုဏ်ရှိသည်။

(၄)သစ္စာမှန်သည်။

(၅)သူ၏စိတ်ကို ယူသကဲ့သို့ သာယာစွာ ဆိုတတ်သည်။

(၆)သန့်ရှင်းပြေပြစ်သည်။

(၇)ကျစ်လျစ်သောစကားရှိသည်။

(၈)တရားအရာ၌ လိမ္မာသည်။

မာနုသီက ဓမ္မသတ်ကျမ်း၌ပြဆိုသည့်(၉)ပါး

(၁)သုတများသည်။

(၂)စကားဆန်းကြည်သည်။

(၃)နူးညံ့သည်။

(၄)ရဲရင့်သည်။

(၅)တည်ကြည်သည်။

(၆)ပိဋကတ်ဗေဒင်တတ်သည်။

(၇)ထုံးပုံနည်းနာ မှတ်တတ်သည်။

(၈)သဘင်အလယ်၌ ဆိုဝံ့မိန့်ဝံ့သည်။

(၉)သူခပ်သိမ်းတို့၏ စကားကိုလည်းမှတ်သားသည်။

မူရင်းစာသားများကို ပြင်ဆင်ခြင်း ထုတ်ပယ်ခြင်း မပြုဘဲ လက်လှမ်းမီသမျှ ရှာဖွေမျှဝေ ပေးလိုက်ခြင်းဖြစ်ပါသည်။


သုတကြွယ်ဝနိုင်ကြပါစေ..........

ကိုရင်ကျော်

No comments: