ဘန်ကောက်မြို့ Din Daeng လမ်းဆုံ အနီးတွင်ဖြစ်သည်။
ဘန်ကောက်မြို့တွင် ဆေးရုံသွားနေသည့် ကိုယ်ဝန်ဆောင် ကရင်အမျိုးသမီးတစ်ဦးသည် ယာဉ်ကြော ပိတ်ဆို့မှုကြောင့် ဆေးရုံသို့ အချိန်မီ မရောက်ရှိဘဲ အငှားကားပေါ်တွင်ပင် ကလေးမွေးဖွားခဲ့ရကြောင်း သိရှိရသည်။
ထို အသက် ၂၂ နှစ်အရွယ် ကရင်အမျိုးသမီးမှာ နန်းစန်းစန်းသိန်းဖြစ်ပြီး တနင်္လာနေ့ နံနက်က ထိုသို့ မွေးဖွားစဉ် လမ်းပြပုလိပ်က အကူအညီပေးခဲ့သည်။
ဆေးရုံသို့ အချိန်မီမရောက်ဘဲ တက္ကစီပေါ်တွင် မွေးဖွားခဲ့ကြောင်း ပုလိပ်များလည်း အကူညီ လာရောက် ပေးကြာင်း မိခင်နှင့်ကလေးပါ ကျန်းမာလျက်ရှိကြောင်း သိရှိရသည်။
ဘန်ကောက်ရဲများသည် လွန်ခဲ့သည့် ၁၈ နှစ် ကစ၍ အရေးပေါ်ကလေးမွေးဖွားမှုပေါင်း ၁၀၀ နီးပါး ကူညီပေးခဲ့သည်။
သတင်းနှင့်ဓာတ်ပုံများအကူအညီပေးသော ဘန်ကောက်မှ သူငယ်ချင်း ဒူးဆစ်အား အထူးကျေးဇူးတင်ပါသည်။
လေးစားလျက်…………
ကိုရင်ကျော်
-----------------
(၁၀-၉-၂၀၁၁) (၀၅း၅၅)နာရီ
-----------------
No comments:
Post a Comment