ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား
Friday, July 24, 2015
Keyboard Shorcuts
Friday, October 18, 2013
နောက်ကြည့် မှန် အသင့် ပါ တဲ့ Skully ဆိုင်ကယ် ဦးထုပ်
Skully P1 လို့ အမည် ပေးထား တဲ့ ဆိုင်ကယ် ဦးထုပ် ဖြစ် ပါတယ်။ အမေရိကန် နိုင်ငံ အခြေဆိုက် Skully ကုမ္မဏီ က ထုတ်လုပ် လိုက်တဲ့ ဦးထုပ် ဖြစ်ပါ တယ်။
Sunday, July 29, 2012
Photoshop အခြေခံသင်ခန်းစာ(၅)
အခုသင်ခန်းစာမှာတော့ Crop tool အကြောင်းဆွေးနွေးပေးပါမယ်။ ဒီ tool ဟာ အသုံးများပါတယ်။ ပုံတွေဖြတ်ထုတ်တဲ့အခါမှာ အသုံးပြုကြပါတယ်။ ဒီ tool ဟာ Photoshop တင်မကပါဘူး။ အခြား Software တွေမှာပါ ထည့်သွင်းပေးထားတာတွေ့ဘူးကြမှာဖြစ်ပါတယ်။
Sunday, June 24, 2012
Animation ပြုလုပ်နည်း
Animation ပြုလုပ်နည်း

ချစ်သူမြို့တော်မှာ Animation ပုံလေးတွေအများကြီးတွေ့ရပါတယ်။
အခု Animation ပြလုပ်နည်းလေးကို Adobe Image Ready နဲ့ အလွယ်တကူပြုလုပ်ပုံကို တင်ပြပေးသွားပါမယ်။
အဆင့်(၁)
ပထမဆုံး Adobe Photoshop နဲ့ အောက်ပါအတိုင်း ဆောင်ရွက်ပြီး Jpeg Format နဲ့ File name 01 မှ 15 အထိ ပေးပြီး Folder တစ်ခုတည်ဆောက်ပြီး Save လုပ်ပါမယ်။
ကျွန်တော်ကတော့ Animation Folder ထဲမှာ အားလုံးသိမ်းလိုက်ပါတယ်။
ကိုယ်သိမ်းလိုက်တဲ့ Folder ထဲမှာ Animation လုပ်မယ့် File တွေပဲရှိရပါမယ်။















အဆင့်(၂)
ဒါဆို Animation လုပ်ဖို့အတွက် Adobe Image Ready ထဲကို ၀င်လိုက်ပါ။

အဆင့်(၃)
File menu ထဲက Import ကနေ Folder as frames... ကိုရွေးလိုက်ပါ။
ပြီးရင် စောစောက Animation Folder ကိုရှာပြီး Click လုပ်ပါ။ OK ကို Click ထပ်လုပ်ပါ။

Adobe Image Ready ထဲမှာ အောက်ပါအတိုင်းတွေ့ရပါမယ်။

အောက်မှာ Animation က မြားပြထားတဲ့ Play button ကို Click လုပ်ကြည့်ပါ။

အောက်ပါအတိုင်းတွေ့ရပါမယ်။

Animation က Frame တွေအားလုံးကို Select လုပ်လိုက်ပါ။

အချိန်သတ်မှတ်ပေးဖို့ Right Click လုပ်ပါ။

သင်နှစ်သက် အချိန်ကို Click လုပ်ပေးပါ။
Play ပြန်လုပ်ကြည့်ပါ။ ရပ်ချင်ရင် Stop ကို Click လုပ်ပါ။

အဆင့်(၄)
အခုဆို Animation အခြေခံလေးတော့ သင်ရရှိသွားပါပြီ။ Web Page တို့ Power Point တို့မှာ သုံးလို့ရအောင် File menu က Save Optimized ကို ရွေးပြီး သင်နှစ်သက်ရာ အမည်နဲ့ သိမ်းလိုက်ပါ။

သင်သိမ်းလိုက်တဲ့ File ကို အလိုရှိသလိုအသုံးပြုနိုင်ပါပြီ။
အခုတင်ပြတာကတော့ အခြေခံလေးပါ။ အဆင့်မြင့်နည်းပညာနဲ့ ဖန်တီးတာလေးတွေကိုတော့ အချိန်အခါသင့်ရင် တင်ပြပေးပါမယ်။
အားလုံးကိုကျေးဇူးတင်လျက်
ကိုရင်ကျော်
(၆-၁၀-၂၀၁၁)(၁၈း၁၅)နာရီ
-----
Saturday, June 23, 2012
Photoshop အခြေခံသင်ခန်းစာ(၄)

Photoshop သင်ခန်းစာများကို လေ့လာတဲ့အခါမှာ အဓိကကျတဲ့ Layer အကြောင်း မသိလို့ မဖြစ်ပါဘူး။ ဒါ့ကြောင့် အခု သင်ခန်းစာမှာ Layer နဲ့ အလုပ်လုပ်ပုံကို အဓိကထားပြီး တင်ပြပေးသွားပါမယ်။ Layer ဆိုတာ အလွှာ၊ အထပ် လို့ အဓိပ္ပါယ်ရပါတယ်။ Photoshop Software ကို သုံးတဲ့အခါမှာ ဘယ် Version မဆို Layer ရဲ့ အခန်းကဏ္ဍက လုပ်ဆောင်ပုံချင်းအတူတူပဲ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အခုလို သင်ခန်းစာလေးတွေကို တင်ပြတဲ့အခါ မှီငြမ်း ကိုးကားပြီးတင်ပြရတာရှိသလို ကိုယ်ပိုင်စိတ်ကူးလေးတွေနဲ့ တင်ပြရတဲ့အခါလည်း ရှိပါတယ်။ အခုသင်ခန်းစာကတော့ ကိုယ်ပိုင် စိတ်ကူးလေးနဲ့ ဖန်တီးတင်ပြပေးထားခြင်း ဖြစ်ပါတယ်။ သင်တန်းကျောင်းတွေ မှာ မတက်ဖြစ်တဲ့သူ၊ တက်ဖို့ရာအဆင်မပြေတဲ့သူ၊ အချိန်မပေးနိုင်တဲ့သူတွေအတွက် လက်တွေ့လုပ်ဆောင် နိုင်အောင် အတတ်နိုင်ဆုံး စီစဉ်တင်ပြပေးသွားပါမယ်။ လိုအပ်ချက်များရှိခဲ့မယ်ဆိုရင်လည်း အားမနာတမ်း ဝေဖန် ထောက်ပြပေးပါလို့ တောင်းဆိုလိုပါတယ်။ ကျွန်တော့်သင်ခန်းစာတွေက အခြေခံမရှိတဲ့သူတွေကို အထူးရည်ရွယ် ရေးသားတာဖြစ်တဲ့အတွက် Professional သမားတွေအတွက်တော့ ကလေးကစားသလိုဖြစ်နေရင်ဖြစ်နေမှာပါ။
အခုသင်ခန်းစာအတွက် အောက်မှာ ဖော်ပြထားတဲ့ ပုံ (၄)ပုံကို အခြေခံပြီး Layer သင်ခန်းစာကို တင်ပြပေးပါမယ်။ ဒီပုံ(၄)ပုံကို သင့်ရဲ့ ကွန်ပျူတာထဲကို Save လုပ်ပြီး လေ့ကျင့်နိုင်ပါတယ်။

ပုံ(၁)

ပုံ(၂)

ပုံ(၃)

ပုံ(၄)
အခု ဖော်ပြထားတဲ့ပုံလေးပုံကို Layer သုံးပြီး အောက်ပါ ပုံအတိုင်း ရရှိသည်အထိ ပေါင်းစပ် ဖန်တီးပါမယ်-

အဆင့်(၁)
Adobe Photoshop ထဲကို အရင်ဝင်လိုက်ပါ။
Layer Palette မတွေ့ရင် Window menu က Layers ကိုရွေးပါ။ ဒါမှ မဟုတ် F7 ကို နှိပ်နိုင်ပါတယ်။

အောက်မှာ ပြထားတဲ့အတိုင်း Layer Palette ပေါ်လာပါမယ်-

အဆင့်(၂)
သင့်စက်ထဲကို ကူးထားတဲ့ ပုံအမှတ်(၁)ကို ဖွင့်လိုက်ပါ။ အောက်ပါအတိုင်း မြင်ရပါမယ်-

Layer Palette မှာ ကြည့်ပါ။ Background အမည်နဲ့ Layer တစ်ခုပေါ်နေမယ်။ ညာဖက်မှာတော့ သော့ပုံလေးတွေ့ ရမယ်။
အဆင့်(၃)
Layer Palette က Background ပေါ်မှာ Double Click လုပ်ပါ။

အထက်မှာ ပြထားတဲ့ပုံအတိုင်း New Layer ပေါ်လာပါမယ်။ Layer 0 နေရာမှာ Lady လို့ ရိုက်ပါ။

OK ကို Click လုပ်လိုက်ရင် Layer Palette မှာ Lady လို့ အမည်ပြောင်းသွားပြီး သော့ပုံလေး ပျောက်သွားပါမယ်။

အဆင့်(၄)
ပုံ(၂)ကို ဖွင့်ပါ။ အောက်ပါအတိုင်းတွေ့ရပါမယ်-

Ctrl + A ကိုနှိပ်ပြီး Select All လုပ်ပါ။
Ctrl + C ကိုနှိပ်ပြီး Copy လုပ်ပါ။
Ctrl + W ကိုနှိပ်ပြီ ပုံ(၂)ကို ပိတ်ပါ။
Ctrl + V ကိုနှိပ်ပြီး Paste လုပ်ပါ။ အောက်မှာဖော်ပြထားတဲ့အတိုင်း တွေ့ရပါမယ်။ Layer Palette ကိုကြည့်ပါ။

Layer 1 ဆိုပြီး Layer အသစ်တစ်ခု ပေါ်လာပါမယ်။ Layer 1 ကို Double Click လုပ်ပြီး Heart လို့ အမည်ပြောင်း လိုက်ပါ။ Enter ခေါက်ပါ။

အဆင့်(၅)
Tool box က Magic Wand tool(W) ကိုရွေးပါ။

အသည်းပုံဘေးက အဖြူရောင်ပေါ်မှာ Click လုပ်ပါ။ အောက်ပါအတိုင်း Select ဖြစ်သွားပါမယ်-

Keyboard က Delete Key ကို နှိပ်ပါ။ Ctrl + D ကို နှိပ်ပြီး Deselect လုပ်ပါ။ အောက်ပါအတိုင်းမြင်ရပါမယ်-

အဆင့်(၆)
ပုံ(၃)ကို ဖွင့်ပါ။ အောက်မှာ ပြထားတဲ့အတိုင်း မြင်ရပါမယ်-

Ctrl + A ကိုနှိပ်ပြီး Select All လုပ်ပါ။
Ctrl + C ကိုနှိပ်ပြီး Copy လုပ်ပါ။
Ctrl + W ကိုနှိပ်ပြီ ပုံ(၃)ကို ပိတ်ပါ။
Ctrl + V ကိုနှိပ်ပြီး Paste လုပ်ပါ။ အောက်မှာဖော်ပြထားတဲ့အတိုင်း တွေ့ရပါမယ်။ Layer Palette ကိုကြည့်ပါ။

Heart Layer ပေါ်မှာ Layer 1 ကို တွေ့ရပါမယ်။ Layer 1 ကို Double Click လုပ်ပြီး Text လို့ စာရိုက်ပါ။ Enter ခေါက်ပါ။

အဆင့်(၇)
Tool box က Magic Wand tool(W) ကိုရွေးပါ။

SMILE LADY ဘေးက အဖြူရောင်ပေါ်မှာ Click လုပ်ပါ။ အောက်ပါအတိုင်း Select ဖြစ်သွားပါမယ်-

Keyboard က Delete Key ကို နှိပ်ပါ။ အောက်ပါအတိုင်းမြင်ရပါမယ်-

စာထဲက အဖြူရောင် ကျန်နေတဲ့နေရာတွေကို Click လုပ် ပြီး Delete ထပ်လုပ်ပါ။ စာထဲက အဖြူရောင်အားလုံး ကုန်သွားတဲ့အထိ လုပ်ပေးပါ။
Ctrl + D ကို နှိပ်ပြီး Deselect လုပ်ပါ။

အဆင့်(၈)
Tool box က Move tool(V) ကိုရွေးပါ။

Keyboard က Down Arrow ကို ဆက်တိုက်နှိပ်သွားပြီး SMILE LADY ဆိုတဲ့စာကို ပုံမှာ ပြထားတဲ့ နေရာရောက်အောင် အောက်သို့ရွှေ့ပါ။

အဆင့်(၉)
ပုံ(၄)ကို ဖွင့်ပါ။ အောက်ပါအတိုင်းမြင်ရပါမယ်-

Ctrl + A ကိုနှိပ်ပြီး Select All လုပ်ပါ။
Ctrl + C ကိုနှိပ်ပြီး Copy လုပ်ပါ။
Ctrl + W ကိုနှိပ်ပြီ ပုံ(၄)ကို ပိတ်ပါ။
Ctrl + V ကိုနှိပ်ပြီး Paste လုပ်ပါ။ အောက်မှာဖော်ပြထားတဲ့အတိုင်း တွေ့ရပါမယ်။ Layer Palette ကိုကြည့်ပါ။

Text Layer ပေါ်မှာ Layer 1 ကို တွေ့ရပါမယ်။ Layer 1 ကို Double Click လုပ်ပြီး Padauk လို့ စာရိုက်ပါ။ Enter ခေါက်ပါ။

အဆင့်(၁၀)
Layer Palette ထဲက Padauk Layer ကို Lady Layer အောက်ကို ဆွဲချလိုက်ပါ။ အောက်ပါအတိုင်း မြင်တွေ့ ရပါမယ်။

အဆင့်(၁၁)
Layer Palette ထဲက Lady Layer ကို Click လုပ်ပါ။

Tool box က Magic Wand tool(W) ကိုရွေးပါ။

အမျိုးသမီး ပုံ ရှေ့က အဖြူရောင်ပေါ်မှာ Click လုပ်ပါ။ အောက်ပါအတိုင်း Select ဖြစ်သွားပါမယ်-

Keyboard က Delete Key ကို နှိပ်ပါ။ အောက်ပါအတိုင်းမြင်ရပါမယ်-

အမျိုးသမီးနောက်က အဖြူရောင် ကျန်နေတဲ့နေရာတွေကို Click လုပ် ပြီး Delete ထပ်လုပ်ပါ။ အဖြူရောင်အားလုံး ကုန်သွားတဲ့အထိ လုပ်ပေးပါ။
Ctrl + D ကို နှိပ်ပြီး Deselect လုပ်ပါ။

အဆင့်(၁၂)
Lady Layer ကို Heart Layer အပေါ်ကို ဆွဲတင်လိုက်ပါ။

အခု ဆိုရင် လိုအပ်တဲ့ ဒီဇိုင်းတစ်ခုကို ဖန်တီးလို့ပြီးပါပြီ။

ဒီသင်ခန်းစာမှာ Layer ကို အဓိကထားပြီး ရှင်းလင်းသွားတာဖြစ်ပါတယ်။ နောက်ဆုံးရရှိတဲ့ အနေအထား အတိုင်း ပုံတွေကို အဆင့်ဆင့်နေရာချသွားရင်လဲဖြစ်ပါတယ်။ ဒါပေမယ့် Layer သဘောတရားကို သိနားလည်စေချင်တဲ့ အတွက် အဆင့်ဆင့် ဆောင်ရွက်ပုံတွေကို တင်ပြသွားခြင်းဖြစ်ပါတယ်။
နည်းပညာကြွယ်ဝနိုင်ပါစေ။
ကိုရင်ကျော်
(၂၂-၆-၂၀၁၂)(၂၂း၃၀)နာရီ