ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား

Friday, October 18, 2013

နောက်ကြည့် မှန် အသင့် ပါ တဲ့ Skully ဆိုင်ကယ် ဦးထုပ်



Skully P1 လို့ အမည် ပေးထား တဲ့ ဆိုင်ကယ် ဦးထုပ် ဖြစ် ပါတယ်။ အမေရိကန် နိုင်ငံ အခြေဆိုက် Skully ကုမ္မဏီ က ထုတ်လုပ် လိုက်တဲ့ ဦးထုပ် ဖြစ်ပါ တယ်။

သာမန် ဦးထုပ် နဲ့ မတူ တဲ့ အဆင့်မြင့် နည်း ပညာ Feature ပေါင်း မြောက် များစွာ ပါဝင် ပါတယ်။ ဥပမာ နောက် ကြည့်မှန် ကို ဆိုင်ကယ် ဦးထုပ် ထဲမှာ Built In ထည့် ပေးထား တာမျိုး တို့ ဖြစ်ပါ တယ်။ အမှန် တော့ ကင်မရာ တပ် ထား တာပါ။ ယင်း ကင်မရာ ကနေ Rear View ကို မြင်နိုင် ပြီး နောက်ထပ် ထူးခြား မှု တစ်ခု က သာမန် ဆိုင်ကယ်၊ ကားတွေ မှာ တောင် သတိထား ဖို့ ခက်ခဲ တဲ့ Blind Spot ကိုပါ ကြည့်ရှု နိုင်အောင် ဖန်တီး ပေး ထားခြင်း ဖြစ်ပါတယ်။ ကင်မရာ က ၁၈၀ ဒီဂရီ လည့်ပတ် နိုင်လို့ ဖြစ်ပါတယ်။ ဦးထုပ် ရဲ့  နောက်ထပ် ထူးခြားချက် က Bluetooth ပါဝင် ပြီး မိုဘိုင်းဖုန်း နဲ့ Pair လုပ်ပြီး သုံး နိုင် ပါတယ်။ ဥပမာ သီချင်း၊ စာ၊ ဖုန်း အဝင် အထွက် နဲ့ Voice Control ဖြင့် ထိန်းချုပ် နိုင်ခြင်း ဖြစ်ပါတယ်။ မြေပုံ ပေါ် ဆိုင်ကယ် ဦးထုပ် ရှေ့  မြင်ကွင်း မှာ ကြည့်ရှု ရလောက် အောင် ဖန်တီး ထား ပါ တယ်။

ပေါ့းပါး မှု၊ လေခွင်း အား Aerodynamic ကောင်းမွန် မှု၊ ရာသီ စုံ အသုံးခံ မှု၊ တစ်ဦး တစ်ယောက် ချင်းစီ ရဲ့  ဦးခေါင်း နဲ့ ပုံစံ ကျကျ 3D လေဆာ တို့ ဖြင့် ဖန်တီး ပေးမှု အစ ရှိသဖြင့် အားသာ ချက် များစွာ ရှိနေ ပါတယ်။ ဖုံ၊ သဲ မဝင်၊ ရေငွေ့ မပြန် စေပဲ လေဝင် လေထွက် လည်း ကောင်း ပါမယ်။ ၂၀၁၄ ခုနှစ် မှာ ဖြန့်ချိ မှာ ပါ။ အွန်လိုင်း ကနေ အော်ဒါ မှာ ချင် သူများ အတွက် အောက်ပါ ဆိုဒ် လခ့် မှာ ဝင်ရောက် လေ့လာ နိုင် ပါ တယ်။

www.skullyhelmets.com

အောင်ခမ်း ( TSJ Team )

အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၁၈-၁၀-၂၀၁၃)

No comments: