ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား

Saturday, July 21, 2012

မိန်းမတို့၏ ကောင်းမြတ်သောအင်္ဂါ(၁၄)ရပ်

မိန်းမတို့၏ ကောင်းမြတ်သောအင်္ဂါ(၁၄)ရပ်



၁။ လပြည့်ဝန်းနှင့်တူသော လက္ခဏာရှိခြင်း

၂။ တက်သစ်သော လရောင်နှင့်တူသောကိုယ်ရောင်ရှိခြင်း

၃။ မကျဉ်းမကျယ်လွန်းသော မျက်စိရှိခြင်း

၎။ ဟင်္သာမကဲ့သို့ အသံရှိခြင်း

၅။ ဖြူစင်သော နှလုံသားရှိခြင်း

၆။ ကောင်းသောသီလရှိခြင်း

၇။ ရှည်သောမျက်နှာရှိခြင်း

၈။ ချစ်ခင်ခြင်း

၉။ အရိပ်အခြည်ရှိခြင်း

၁၀။ သိမ်မွေ့သော ကိုယ်အင်္ဂါရှိခြင်း

၁၁။ ကြီးပြန့်သော သားမြတ်ရှိခြင်း

၁၂။ ဖွံ့ဖြိုးသော ပေါင်ရှိခြင်း

၁၃။ ပြည့်ဖြိုးသော ပါးရှိခြင်း

၁၄။ ပုမ္မာကြာပန်းနံ့ရှိခြင်း

အထက်ပါ (၁၄)ရပ်ဟာ သာမုဒ္နြိက ကျမ်းမှာ ဖော်ပြထားတာတွေဖြစ်ပါတယ်။

စာဆိုတွေရဲ့ အမြင်လေးတွေကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

“ကောင်းဆယ့်လေးရပ်

သွေးထပ်ထပ်ရုပ်ညီ

ရှေးနိပါတ် ထုတ်မီသည်

----------------

လမင်းထက် နှစ်လေးသာ

အေးမြလိုက်တာ

မြင်ရသူ ဖေသက်သာတယ်

ရွှေမျက်နှာ ကြည်လွန်းလို့လေး”

(ကုန်းဘောင်ခေတ် စာဆို ဖိုးသူတော်ဦးမင်း၏ “လမင်းကနှစ်လေးသာ”တေးထပ်)

“ပြစ်လုံးကင်းဝေးကွာ၊ မိုးသူဇာကို

ဆည်းဆာညရီတွင်၊ ကျွန်ုပ်မြင်သည်

ရယ်ရွှင်ပြုံးတို့ မပြုံးတို့”

(အင်းဝခေတ်စာဆို ရှင်မဟာရဌသာရ ၏ ၀ဏ္ဏပဘာရ)

“မွတ်မွတ်ကလေး လှတယ်လို့၊ ရွရွကလေးယဉ်တဲ့မေ”

(စာဆို ဦးပုည)

“နွဲ့ချင်နွဲ့ ၊ တွဲ့ချင်တွဲ့၊ လုပ်လဲ့လဲ့၊ တုပ်တဲ့တဲ့

အတကဲ့ ပိုးစီးတုတ်ကဲ့နှယ်၊ ခါးဆိတ်စလီ၊ ကလီကလေး၊ သေးပါဘိခြင်း”

(ဦးတိုး၏ ရာမရကန်)


ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ………

ကိုရင်ကျော်…………….


……………………

(၄-၉-၂၀၁၁) (၆း၅၀)

No comments: