ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား

Friday, December 28, 2007

သစ်သီးစုံဆေးတစ်ဖုံ

HEALTH

ဟိုးရှေးရှေးတုန်းက တရုတ်လူမျိုးတွေဟာ အရည်ရွှမ်းပြီးအရသာရှိတဲ့ အသီးတစ်မျိုးကို စားကြည့်မိပြီး အလွန်နှစ်သက်သွားပြီး အသီးနာမည်ကို Mandarin လို့ မှည့်ခေါ်လိုက်ကြတယ်။ Mandarin ဆိုတဲ့စကားဟာ တရုတ်ဧကရာဇ်မင်းမျိုးနွယ်စုလို့အဓိပ္ပါယ်ရတယ်။ အကြီးမြတ်ဆုံး၊ အမြင့်မြတ်မားဆုံးစာလုံးကို ရွေးချယ် လိုက်တာဖြစ်ပါတယ်။

တရုတ်လူမျိုးတွေဟာ Mandarin အသီးကို ကြိုက်နှစ်သက်သလို အသီးတွေမှာ ပေါင်းစပ်ပါဝင်နေတဲ့ အာဟာရအကြောင်းပြောပြမယ်။

An apple a day, Keeps the doctor away.

"ပန်းသီးတစ်လုံးနေ့စဉ်သုံး၊ အဆုံးသမားဝေးစေမည်" လို့ ဆိုရိုးစကားရှိပါတယ်။

ပန်းသီးကိုစားသင့်တဲ့အကြောင်းအရာက အရသာရှိရုံထက်မကပိုနေတာကတော့ Boron ဆိုတဲံ သတ္တု ဓာတ်ကြောင့် ရင်သွေးငယ်တွေ ကြီးထွားမှုကို အားပေးပါတယ်။ အရိုးတွေကို ကျန်းမာသန်စွမ်းစေတဲ့အတွက် ကလေးကြီးပြင်းလာတဲ့အခါ သူနှစ်သက်တဲ့ ဘယ်အားကစားနည်းကိုမဆို စိတ်တိုင်းကျ ကစားနိုင်ပါလိမ့်မယ်။

Antioxidant လို့ခေါ်တဲ့ ခုခံအားကောင်းစေတဲ့ ဓာတ်တွေကလည်း နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ် လေငန်းရောဂါနဲ့ အူမကြီး ကင်ဆာလို တချို့ကင်ဆာရောဂါတွေကို ကာကွယ်ပေးနေပါတယ်။

Going Banana မရိုးနိုင်တဲ့ငှက်ပျောသီး

ငှက်ပျောသီးမှာ Protein (အသားဓာတ်)အလွန်ကြွယ်ဝပြီး ကလေးတွေကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ Essential Amino Acid (၈)မျိုးစလုံး အကုန်ပါဝင်နေပါတယ်။ အာရုံကြော၊ နှလုံးနှင့် ကျောက်ကပ် တို့ကို ကျန်းမာစေပါလိမ့်မယ်။

အထူးသဖြင့် ဦးနှောက်အာရုံကြောနဲ့ အရေပြားတွေကျန်းမာဖို့ အဓိက လိုအပ်တဲ့ Vitamin B6 ကလည်း ငှက်ပျောသီးမှာ များစွာပါဝင်ပါတယ်။
Welcome to "KYAW, Mandalay".