ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား

Wednesday, October 16, 2013

ကျွန်တော်လူကြမ်းမင်းသား မဟုတ်ပါ

ကျွန်တော့်နှလုံးသားက မကြမ်းတမ်းသော်လည်း လူကြမ်းမင်းသား အဖြစ် သရုပ်ဆောင်နေရသည်။
အများအမြင်တွင် ကျွန်တော် လူကြမ်းမင်းသားဖြစ်သည်။ ရက်စက်သည်။ သစ္စာမရှိသူဖြစ်သည်။ အကြင်နာတရားကင်းမဲ့သူဖြစ်သည်။

ကျွန်တော့်ဘ၀သည် ခက်ခဲခဲ့သည်။ ကြမ်းတမ်းခဲ့သည်။ အဆပြေမှုထက် အဆင်မပြေမှုများက အဆမတန် များပြားလှသည်။ အခက်အခဲတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖြေရှင်းခဲ့သည်။ ပတ်ဝန်းကျင်၏ အထင်သေးမှု တွေကို ခါးစည်းခံခဲ့သည်။
သည်လိုအခက်အခဲ အတားအဆီးတွေကြားက ကျွန်တော် ငယ်ငယ်ရွယ်ရွယ်နှင့် နေရာတစ်နေရာရအောင် လုပ်ဆောင်နိုင်ခဲ့သည်။
တစ်ခါတစ်ရံ နှလုံးသားကို ရင်းပြီး လုပ်သင့်သည်ကို လုပ်လိုက်သည့်အတွက် ကျွန်တော် လူကြမ်းမင်းသား ဖြစ်ခဲ့သည်။ သို့သော် ကျွန်တော့်တွင် ထိုသို့ဆောင်ရွက်ရန်အတွက်လုံလောက်သော အကြောင်းတရားက ရှိနေသည်။
အခုတစ်လောဖြစ်နေသည်က ကျွန်တော်က ကောင်းအောင်နေသည်။ တော်အောင်ကြိုးစားသည်။ ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်သည်။ အိပ်ရေးပျက်ခံသည်။ အလုပ်အပျက်ခံသည်။ ကျွန်တော့ဘ၀အတွက် တန်ဖိုးမဖြတ်နိုင်သော ရလာဒ်ကောင်းတွေရချင်သည်။
သည်အခါမှာ မထင်မှတ်သောနေရာက အတိုက်အခိုက်တွေ ရုတ်တရက်ထွက်ပေါ်လာသည်။
မိတ်ဆွေတွေက သစ္စာဖောက်နေပြီလား။
ကျွန်တော် အောင်မြင်တာကို မနာလိုတာလား။
ကျွန်တော့်ဘ၀အတွက် ကျွန်တော်ရှေ့ဆက်ရမည့်ခရီးအတွက် အဟန့်အတားတွေများလား။
ဘာပဲဖြစ်ဖြစ် အချိန်တန်လျှင် ကျွန်တော်ဖြစ်ချင်တာတွေ ဖြစ်လာရမည်။ ကျွန်တော် လူကြမ်းမင်းသား မဟုတ်ကြောင်းသိလိမ့်မည်။ ကျွန်တော် သစ္စာမဲ့သူမဟုတ်ကြောင်း သိလာလိမ့်မည်။

ခင်မင်လေးစားလျက်
ကိုရင်ကျော်
(၁၆-၁၀-၂၀၁၃)ည(၉နာရီ ၅၀မိနစ်)


No comments: