ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား

Friday, October 18, 2013

ဝလုံးလေးက စ ခဲ့တယ်

ဝလုံးလေးက စ ခဲ့တယ် 
ဘကုန်းကို ဦးထိပ်တင်ပြီး
ဘ၀ထဲကို ၀င်ခဲ့တယ် ....


ဝင်ခဲ့တဲ့ဘ၀ ထွေပြားစွ
ညည အခင်း ပပ၀င်း
လမင်းနဲ့လဲ ဆုံခဲ့တယ် .....

ညအခါ
လ မသာ လ ပျောက်
ဍ္ဍ ရင်ကောက် ဎ ရေမှုတ်
အရုပ်ဆိုးဆိုးတွေလဲ တွေ့ခဲ့တယ် ....

ကကြီး ခခွေး ငွေသူဌေး
ဆလုံး ဆလိမ် သုခမိန်
ချင့်ချင့်ချိန်ချိန် ရှိပါတယ် .....

ဆူဆူပူပူ တ၀မ်းပူတွေလဲ အများကြီး
ဘ၀ကျောင်း အစက ကောင်းပါရဲ့
မရဏ မောင်း က ခေါ်သံကြားရင်
အားလုံးထားလို့ သွားရမယ် ......

တင်မိုး


ကြိုက်လို့မျှဝေပေးတာပါ......

အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၁၈-၁၀-၂၀၁၃)

No comments: