ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Thursday, February 18, 2016

Friday, October 18, 2013

သေမင်းထံပါး ငါမသွားမီ

အလုပ်ခွင်မှာ
အထုပ်ပြင်ရင်း စောင့်ဦးမည် 
ကြီးကြီးငယ်ငယ် မရွေးချယ်ဘူး
ဘယ်နေ့ဘယ်ရက် သူမတွက်ဘူး
ချိန်းချက်မလုပ် ရုတ်တရက်ဖြစ်စေ
ချိန်းကာချက်ကာ ကြာမှဖြစ်စေ
ပုံသေမရှိ လာတတ်၏ ....

ဝလုံးလေးက စ ခဲ့တယ်

ဝလုံးလေးက စ ခဲ့တယ် 
ဘကုန်းကို ဦးထိပ်တင်ပြီး
ဘ၀ထဲကို ၀င်ခဲ့တယ် ....

Thursday, October 17, 2013

ပုဂံကျောင်းက ခေါင်းလောင်းသံ

ပုဂံကျောင်းက
ရွှေဒေါင်းတောင်ကျိုး၊ ကလောင်ရိုးဖြင့်
ထိုးလိုက်ပါတဲ့ ခေါင်းလောင်းသံ ....

Tuesday, October 15, 2013

သမိုင်းမှာ မင်းတရားခံ ဖြစ်မယ်


မင်းမမှန်ရင်
မင်းတရားခံဖြစ်မယ် ..

ငါမမှန်ရင်
ငါတရားခံဖြစ်မယ် ...

Thursday, October 10, 2013

Facebook ပေါ်က ဓာတ်ပုံလေး

သည်နေ့သည်ရက်
သည်မနက်တွင်
မြင်တွေ့ရသည့်
နှမမျက်နှာမြင်ရပါသော်
ကိုယ်ကမပိုင်
မသက်ဆိုင်တော့
လက်မှိုင်ချကာ
ကြည့်လို့သာပင်
ရင်မှာစိုးထိတ်
ကြိတ်မှိတ်လို့ပင်
ဘ၀င်မကျ ဖြစ်ခဲ့ရသည်။


ခင်မင်လေးစားလျက်
ကိုရင်ကျော်
(၁၀-၁၀-၂၀၁၃)

Friday, July 20, 2012

ရင်ထဲကပန်း

ချစ်သောကိုယ်က…

သမုဒယပွား ယုယထားသည့်

အများအမြင် သည်ဥယျာဉ်မှာ

ရှင်သန်အောင်ပျိုး မိုးရွာနေပူ

မငြူမစူ တာဝန်ယူ

ကြည်ဖြူစွာဖြင့် စိုက်ပါ၏။

ချစ်ရသူက

ရနံ့မွှေးမွှေး တေးလေးကိုဆို

ခွင့်ရေးပိုကာ ရေသာခိုလျက်

မောင့်ကိုတစ်ပွင့် သူကမ်းလင့်မယ်

ချင့်တွက်ခါသာ စေတနာမဲ့

သူပြုခဲ့သည် ကဲ့ရဲ့ပြစ်တင်

အများမြင်က သင်ဟာတွန့်တို

ချိုသာစကား အပြောများနဲ့

လှည့်စားရက်တယ် ထင်မိသည်။

♥ ♥ ♥

အားလုံကိုခင်မင်လေးစားလျက်

ကိုရင်ကျော်

(၂၅-၄-၂၀၁၂)(၀၃း၄၅)နာရီ

ခရီးဝေး ချစ်တေး သံသာ

နေသာတော့လေမလာ

လေလာတော့ မိုးကရွာ

တစ်ခါတစ်ခါ

အညာကမိုး

အစိုးမရ။

မိုးမင်းရယ်ရွာ

ချင်းတွင်းရေပြင်မှာ

မိုးပေါက်တို့ဖြာ

ဝေးရွာက

ကညာနှမ

လွမ်းဆွတ်လို့လာ။

ပျိုတို့မောင်

ဒီတောင်တန်းတွေ

ကမ်းဘေးက

လွမ်းတေးနဲ့

ငေးမှိုင်လို့သာ။

မြစ်ရေပြင်

ချစ်ရင်ခွင်

မောင်ထင်လို့

နှစ်ကိုယ်ယှဉ်

ဒီမြင်ကွင်းကို

မင်း သိစေချင်ငဲ့။

အဆန်ခရီးမှာလ

မော်တော်စီးကာ

မငြီးညူ

အတူယှဉ်လို့

မေ့ရင်ခွင်

ခိုဝင်နား

ပါးအပ်ချင်သေး။

အချိန်တန်

အိမ်ပြန်ရမှာ

ချစ်စာလွှာ

ကာရန်ရွေး

ချစ်သူကို ပေးခဲ့ပါတယ်။

(ဝေးနေပေမယ့် အမြဲသတိရနေရင် အတူတူနေရတယ်လို့ မှတ်ပါနော်)

အားလုံးကိုခင်မင်လေးစားလျက်

ကိုရင်ကျော်

(၂၆-၆-၂၀၁၂)(၁၆း၁၅)နာရီ

စိုးကြောက်တယ်မေ

ချစ်သက်သေ မျက်ရည်ကျပေမယ့်

ချစ်သက်ဝေ အခက်ပွေရအောင်

အောင်သွယ်က လှုပ်ရှား။

မောင်နဲ့မယ် ငယ်ကကျွမ်းကို

နှောင်ဖွဲ့တွယ် ချစ်ကျွမ်းဝင်တော့

သူ့ရင်မှာ နာလို့တဲ့ဗျား။

မယ်လေးရယ်ငို ချော့မယ်ဆို

အငိုတိတ်စေဖို့ နှစ်သိမ့်လို့ပေး။

ခုနယ်ခါ အောင်သွယ်သမားက

နှစ်ပါးခင်မကြင်ရအောင်

ကြားဝင်ကာ တမင်နှောက်မှာ

စိုးကြောက်မိသေး။

♥♥♥♥♥

အားလုံးကိုခင်မင်လေးစားလျက်

ကိုရင်ကျော်

(၁၉-၇-၂၀၁၂)(၁၉း၃၀)နာရီ

Thursday, July 12, 2012

ချစ်ရက်တစ်လတာ အလွမ်းအဆုံး နိဂုံးဖြစ်လေရော့ထင်


တင့်လှရုပ်သွင်၊ ခင်မင်စရာ

ကဗျာဖွဲ့ဆို၊ မနှိုင်းလိုလည်း

နဂိုဖြူစင်၊ မျက်နှာမြင်တော့

အကြင်နာပွား၊ မေတ္တာထားမိ

သနားစိတ်ဝင်၊ ချစ်ခင်နှစ်သက်

လက်တွဲကြမယ်၊ ပြုံးဖလှယ်

ရည်ရွယ်ခဲ့ကြ၊ ဘ၀လက်တွဲဖော်။

နေ့ရက်မပျက်၊ အသက်တမျှ

ချစ်ရသူလေး၊ တေးလေးဆိုပြ

ပျော်ရွှင်ကြတယ်၊ နွဲ့ကြစကြ

သာယာကြတယ်၊ ထာဝရမခွဲ

မောင့်ရင်ထဲမှာ၊ နေလိုပါသနော်။

မောင်လာရာလမ်း၊ နေ့စဉ်မှန်းလို့

တမ်းတမ်းတတ၊ လွမ်းနေရသလို

မောင်ကအမြဲ၊ ချစ်သည်းလေးကို

စိုးရိမ်ပိုပြီး၊ ပင်ကိုယ်အလှ

မတွေ့ရတောင်၊ မောင်မမုန်းပဲ

ချစ်မြဲချစ်နေပါမယ်ခင်။

ချစ်ကြခင်ကြ၊ ကြင်နာကြ

ရက်လနှစ်များ၊ ရှည်ကြာသွားသော်

နှစ်ပါးမခင်၊ မမြင်ရတော့

လျော့ပေါ့အချစ်၊ မောင့်ကိုပစ်ပြီး

အချစ်သစ်ရှာ၊ မောင့်ကိုသာလျှင်

အပြစ်မြင်လျက်၊ တစ်ပင်မှတစ်ပင်

ကူးလူးချင်လို့၊ ငယ်စဉ်အချစ်

ငယ်ချစ်လေးသာ၊ လက်တွဲပါတော့

မေ…လက်လျော့တယ်၊ မေ့လိုက်မယ်ရှင်။

မောင့်ကိုသာလျှင်၊ အပြစ်မြင်ပြီး

တမင်စိမ်းရက်၊ လက်တွဲဖျက်တော့

မိုးစက်လေးများ၊ မောင့်သနားပါ

ရင်မှာနာပြီး၊ ကဗျာလွမ်းတေး

မောင်ကရေးပြီး၊ ချစ်လေးအတွက်

လက်ဖွဲ့ပေးမယ်၊ ချစ်ဆုံးရယ်။

မောင့်မျက်နှာပြင်၊ မျက်ရည်ပင်လယ်ဝေတော့မယ်။

ခင့်မျက်နှာပြင်၊ ချစ်ခင်သူနြဲ့ပုံးတော့ကွယ်။

xxxxx

အားလုံးကိုခင်မင်လေးစားလျက်

ကိုရင်ကျော်

(၁၀-၇-၂၀၁၂)(၂၁း၀၀)နာရီ

http://aktnml.blogspot.com/