ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား
Friday, October 11, 2013
ပေးဆပ်လိုက်ရသောနှလုံးသား
Wednesday, July 11, 2012
ရွှေမြို့တော် ရသစုံဝတ္ထုတိုပေါင်းချုပ် အမှတ်(၂)ထုတ်မည်
(၁) ရွှေမြို့တော်တွင် အဖွဲ့ဝင်ထားသူ(အက်မင်များအပါအ၀င်)
(၂) ကိုယ်ရေးအချက်အလက် မှန်မှန်ကန်ကန်ဖြည့်သွင်းပေးနိုင်သူ
(၃) ပတ်စပို့ဓာတ်ပုံကို စကင်ဖတ်ပြီး ပေးပို့နိုင်သူ
(၄) တည်ဆဲဥပဒေနှင့် အရေးယူခံနေရခြင်းမဟုတ်သူ
(၅) မိဘနှစ်ပါးစလုံး မြန်မာနိုင်ငံသားဖြစ်သူ
စာမူရွေးချယ်ခြင်းခံရပါက ကိုယ်ရေးပုံစံဖြည့်သွင်းပြီး တစ်ပတ်အတွင်း ပြန်လည် ပေးပို့ရမည်ဖြစ်ပါသည်။
အခြားဆိုဒ်တွင်တင်ပြထားသည့် ၀တ္ထုတိုများကို လုံးဝလက်မခံပါ။ ၀တ္တုတို ပေါင်းချုပ်အနေဖြင့် ထုတ်ဝေသွားရန် ဆန္ဒရှိပါသည်။ အဆိုပါစာအုပ်သည် အမှတ်တရအဖြစ်ထုတ်ဝေမည်ဖြစ်သဖြင့် စီးပွားရေးအလို့ငှာ မျှော်ကိုးပြီး ထုတ်ဝေခြင်းမဟုတ်ပါ။ အကယ်၍ အကျိုးအမြတ်ပေါ်ပေါက်လာပါက ရရှိသည့်အကျိုးအမြတ်အားလုံးကို ချစ်သူမြို့တော်(ရွှေမြို့တော်)တိုးတက်ရေးအတွက်ဖြစ်စေ၊ လူမှုရေးကိစ္စအတွက်ဖြစ်စေ၊ ပရဟိတ လုပ်ငန်းအတွက်ဖြစ်စေ လှူဒါန်းပေးသွားမည်ဖြစ်ပါသည်။
အောက်ဖော်ပြပါစည်းကမ်းချက်နှင့်ကိုက်ညီပြီး ထည့်သွင်းဖော်ပြလိုသူများအနေဖြင့် ကျွန်တော် Kyaw ၏ အိမ်တွင်ဖြစ်စေ၊ အောက်တွင် မှတ်ချက်ပေး၍ဖြစ်စေ မိမိရေးသားတင်ပြထားသည့် စာမူကို တင်ပြသည့်နေ့ရက်နှင့် စာမူအမည် ဖော်ပြပေးပါရန် (Link ပေးရန်) မေတ္တာရပ်ခံအပ်ပါသည်။
(၁) ဖော်ပြလိုသည့် ၀တ္ထုတိုသည် မိမိကို်တိုင်ရေးဖြစ်ကြောင်း ၀န်ခံချက်ပေးနိုင် ရပါမည်။
(၂) အခြားမည်သည့်စာစောင်တွင်မှ ဖော်ပြထားခြင်းမရှိကြောင်း ၀န်ခံရပါမည်။
(၃) ရွေးချယ်မှုကိစ္စအ၀၀ကို Kyaw တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့်သာဆောင်ရွက်ပါမည်။
(၄) အရေအတွက် ကန့်သတ်မထားပါ။ အသုံးပြုမည့်စာမူအရေအတွက်ကို ပါဝင်မည့်သူ အရေအတွက်ပေါ်မူတည်ပြီး ပုဒ်ရေ ဆုံးဖြတ်မည်ဖြစ်ပါသည်။
(၅) ရွေးချယ်ပြီးဖြစ်ပါက စာမူများကို စာလုံးပေါင်းမှအစလိုအပ်သည်များကို ပြင်ဆင်ခြင်းပြုလုပ်ပါက လက်ခံနိုင်ရမည်ဖြစ်ပါသည်။ ပြင်ဆင်ပြီးပါက မူလတင်ပြသူထံသို့ ပြန်လည်ပေးပို့၍ အတည်ပြုချက် ရယူပါမည်။
(၆) ရွှေးချယ်ပြီးကြောင်း အကြောင်းကြားလာပါက ကလောင်အမည်၊ အမည်ရင်း၊ အလုပ်အကိုင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ဆက်သွယ်ရန်လိပ်စာ၊ တယ်လီဖုန်းရှိပါကတယ်လီဖုန်းအမှတ် စသည့်တို့ပါရှိသည့်ပုံစံကိုဖြည့်စွက်ပေးရမည်ဖြစ်ပါသည်။ (ပုံစံပို့ပေးပါမည်)
(၇) ပုံနှိပ်ထုတ်ဝေပြီးပါက ထိုက်သင့်သည့်စာမူခကို ထုတ်ပေးမည်ဖြစ်ပါသည်။ မေတ္တာ လက်ဆောင်စာအုပ်ကိုလည်းပေးအပ်မည်ဖြစ်ပါသည်။
(၈) ဖြစ်မြောက်အောင်ဆောင်ရွက်လိုသဖြင့် ၀ိုင်းဝန်းကူညီပံ့ပိုးပေးစေလိုပါသည်။
(၉) ရွေးချယ်ပုံနှိပ်ခံရသည့်စာမူနှင့်ပတ်သက်၍ ရုပ်ပြရေးခြင်း၊ ရုပ်ရှင်ဗီဒီယိုရိုက်ကူးခြင်း နှင့် အခြား မည်သည့်နေရာတွင် အသုံးပြုသည့်ဖြစ်စေ မူလရေးသားသူသည်သာ အကျိုးအမြတ်ခံစားခွင့်ရှိမည် ဖြစ်ပါသည်။
(၁၀) ထည့်သွင်းဖော်ပြလိုသူများအနေဖြင့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့ (၁၅-၈-၂၀၁၂) နောက်ဆုံးထားပြီး ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သိလိုသည်များကို မှတ်ချက်ရေးထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အကြောင်းအကြောင်းကြောင့် ချက်ချင်း ဖြေကြားပေးခြင်း မရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးစေချင်ပါသည်။ အလျင်းသင့်သည့်အချိန်တွင်ပြန်လည်ဖြေကြားပေးပါမည်။ နောက်တစ်ကြိမ် ပြန်ကြည့်ပေးစေလိုပါသည်။
Tuesday, July 10, 2012
ရွှေမြို့တော်ရသစုံဝတ္ထုပေါင်းချုပ်စာအုပ်ကိစ္စ
ကျွန်တော် တာဝန်ယူပြီး ထုတ်ဝေခဲ့တဲ့ ရွှေမြို့တော် ရသစုံဝတ္ထုတိုပေါင်းချုပ်စာအုပ်ကို ရန်ကုန်မြို့နှင့်မန္တလေးမြို့များတွင် ရောင်းချပေးလျက်ရှိပါသည်။ ယခု စာအုပ် ရောင်းအား အခြေအနေ ပေါ်မူတည်ပြီး နောက်ထပ် စုစည်းထုတ်ဝေလိုသော ဆန္ဒဖြစ်ပေါ်မိပါသည်။

အဆိုပါစာအုပ်နှင့်အတူ ကျွန်တော်၏ စာများကို စုစည်းပြီး စာအုပ်တစ်အုပ် သီးခြားထုတ်ဝေခဲ့ပါသည်။ ဖော်ပြပါစာအုပ် (၂)အုပ်ကို ရန်ကုန်မြို့နှင့်မန္တလေးမြို့ရှိ အောက်ပါဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါသည်-

ရန်ကုန်မြို့
- စာပေလောက(၂)
- စာပေလောက(၅)
- စာပေလောက(၆) (ရန်ကင်း)
- အင်းဝ (ပန်းဆိုးတန်း)
- အမေ့အိမ် (ပန်းဆိုးတန်း)
- အာရုဏ်သစ်
- ပညာရွှေတောင်
- ဟန်ရှင်းစာပေ (အနော်ရထာလမ်း)
- ကိုလတ်စာပေ (၃၁ လမ်း)
- မြတ်ပွင့်စာပေ (ဗိုလ်ချုပ်လမ်း)
မန္တလေးမြို့
- ထွန်းဦးစာပေ (၈၄ လမ်း)
- ကျော်စိုးလင်းစာပေ (၈၃ လမ်း)
ထပ်မံထုတ်ဝေမည့်စာအုပ်အတွက် လိုအပ်ချက်များကို ထပ်မံတင်ပြပေးသွားပါမည်။ ပါဝင်လိုသူများ မှတ်ချက်ရေးသားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ယခု ထုတ်ဝေသည့် စာအုပ်အတွက် စာအုပ်လက်ဆောင်များကို ပေးပို့လျက်ရှိပါသည်။ လက်ခံရရှိပါက လက်ခံရရှိပြီးကြောင်း မှတ်ချက်ရေးပေးပါရန်နှင့် မရရရှိသေးပါက မရရှိသေးကြောင်း မှတ်ချက်ရေးပေးစေလိုပါသည်။ စာမူခများကို မကြာမီပေးပို့သွားပါမည်။
ရွှေမြို့တော်တည်ထောင်သူ ကိုငြိမ်း(ရွှေဘို)၊ ပါဝင်ရေးသားကြသည့်ဝါသနာရှင်စာရေးဆရာများ နှင့် အားပေးကြသူများအားလုံးကို အထူးကျေးဇူးတင်ပါသည်။
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
Thursday, June 28, 2012
ရွှေမြို့တော် ရသစုံ ၀တ္ထုတိုပေါင်းချုပ်စာအုပ် ထွက်ပြီ

ကျွန်တော်က ချစ်သူမြို့တော်မှာ (၂၆-၁၂-၂၀၁၁)ရက်နေ့မှာ ချစ်သူမြို့တော်စာစုများစာအုပ် ထုတ်မည့် အကြောင်း ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါတယ်။
အဆိုပါတင်ပြချက်တွင် ပါရှိသည့်အတိုင်း (၃၁-၁-၂၀၁၂)ရက်နေ့အထိ ကျွန်တော့်ထံ ဆက်သွယ်ပေးပို့လာသည့် စာမူများအနက် စာမူများကို ပုံနှိပ်ထုတ်ဝေရန်အတွက် ပထမအဆင့် အနေဖြင့် ရွေးချယ်ခဲ့ပါသည်။
ရွေးချယ်ခဲ့သည့် စာမူစာရင်းကို ချစ်သူမြို့တော်ဝတ္ထုတိုပေါင်းချုပ်စာအုပ်အမည်ဖြင့် (၂၉-၂-၂၀၁၂) ရက်နေ့တွင် ရေးသားတင်ပြခဲ့ပါသည်။ ရွေးချယ်ခဲ့သော စာမူများကို ထည့်သွင်းပုံနှိပ်ရန်အတွက် အဆင့်ဆင့်ဆောင်ရွက်ရာတွင် အကြောင့် အကြောင်းကြောင့် စာမူများ အစားထိုးခြင်းနှင့် ပယ်ခဲ့ရခြင်း များရှိခဲ့ပါသည်။ ယခုအခါတွင် အောက်ဖော်ပြပါ စာရေးသူတို့၏ စာမူများဖြင့် ရွှေမြို့တော် ရသစုံ ၀တ္ထုတိုပေါင်းချုပ်စာအုပ် ကို ထုတ်ဝေနိုင်ခဲ့ပြီဖြစ်ပါသည်-

၁။ ကိုရင်ကျော်
၂။ မှုံနံ့သာဖြူ
၃။ မေသဇင်
၎။ နေခြည်သစ်နွယ်(ပြည်)
၅။ ရှင်းသန့်မေ(မေတ္တာရှင်မလေး)
၆။ မင်းဆက်ဆက်ခ
၇။ ရွှေမြို့သူ
၈။ ချိုသဲမာ
၉။ သဇင်လေး
အဆိုပါ ရွှေမြိုတော် ရသစုံ ၀တ္ထုတို ပေါင်းချုပ်ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရက်ပိုင်းအတွင်း ဖြန့်ချီရန် ဆောင်ရွက်လျက်ရှိပါသည်။ တစ်အုပ်လျှင် ၁၀၀၀ (ကျပ်တစ်ထောင်နှုန်း)ဖြင့် စာအုပ်ဆိုင် များတွင် ၀ယ်ယူရရှိနိုင်ပါသည်။
+Flatt+(19-8-13).jpg)