
ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား
Thursday, October 10, 2013
Friday, July 20, 2012
ချစ်သူမြို့တော်အငြိမ့်ခန်း(၅)
“ကျွန်မဓာတ်ပုံကို ပြစရာမလို၊ ထမင်းအိုးဖင်ကို ကြည့်တော်မူပါအစ်ကို၊ ညီးနဲ့မတန်ပေါင် ဆိုချင်ဆို၊ ဘိုကေတစ်ထောင်မှာ တစ်ယောက်ဖြင့်စွဲကောင်းပါရဲ့ ……ကျွဲမ…………ကျွဲမ…….. ကျွဲမ……….ကျွဲမ…….အသားညို…………………..”
မင်းသမီးမေသဇင်သည် သီချင်းဆို၍ ကသည်။
ကိုရင်ကျော်သည် လက်ခုပ်တီး၍ အားပေးနေသည်။
ဂျူပီတာရင်မောင်က ပရိတ်သတ်ဖက်သို့ ငေးကြည့်နေသည်။
မေသဇင်သည် အဆိုကို အကဖြင့် လှပစွာ ရပ်နားပြီး မိုက်ခွက်နားသို့ လျှောက်လာသည်။
``အစ်ကိုတို့ရေ………….´´
``ခစားလျက်ပါ နှမမေရေ……………´´
ကိုရင်ကျော်က ဖြေပြီး၊ ဂျူပီတာရင်မောင်ကတော့ ပရိတ်သတ်ဖက်ကိုသာ ဆက်လက် ငေးမောနေလေသည်။
``ကိုရင်မောင်က မထူးဘူး ကိုရင်ကျော်၊ ဘာငေးနေတာလဲ မသိဘူး´´
``ဒီကောင်ရင်မောင်………..တောင်ပြုံးပွဲမှာ……သူ့ဇာတ်သဘင် အဆင်ပြေလို့ ….. ရတနာ့ဂူပွဲ………….ဘယ်လိုကူးရမလဲ……….စဉ်းစားနေတာထင်တယ်၊ သေသေချာချာ ခေါ်ပါ မေသဇင်ရယ်…..´´
``ဟဲ့…..သောက်ပလုတ်တုတ်….မီနီမံ´´
``ဘာဖြစ်တာလဲ………မေသဇင်………ကင်းကိုက်လို့လား…..´´
``မဟုတ်ပါဘူး……………ကိုဂျူပီတာကြီးကို ခေါ်လိုက်တာပါ´´
``ဘယ်လို………….ဘယ်လို…………´´
``ဟဲ့….သောက်ပလုတ်တုတ်…..ဆိုတာဘာလဲ´´
``ယောင်တာပေါ့´´
``မီနီမံ…..ဆိုတာက………….´´
``အငယ်ဆုံး…´´
``အငယ်ဆုံးကို မီနီမံကို အတိုကောက် Min(မင်) လို့ သုံးတယ်မဟုတ်လား…… ကိုရင်ကျော်ရဲ့………..´´
``အေးလေး´´
``ဒါ့ကြောင့် ဟဲ့သောက်ပလုတ်တုတ်ဆိုတာ ………….ယောင်…………. မီနီမံ…က….. မင်……………ဒီတော့……………….ယောင်မင်………´´
``ယောင်မင်…………….ရင်မောင်……….ပေါ့နှမရယ်´´
``ကိုရင်မောင်´´
မေသဇင်က လှမ်းခေါ်သည်။ ဂျူပီတာရင်မောင်က မထူး။
``ကိုရင်မောင်´´
မေသဇင်က အသံကုန်အော်ခေါ်သည်။
``တကြော်ကြော် အော်ခေါ်မနေနဲ့……………….ငါ…………နင့်လင်မဟုတ်ဘူး´´
``ဟေ့…….ရင်မောင်………….မင်းသမီးကို သားပြော မယားပြော မပြောနဲ့…..´´
``ဟုတ်တယ်နော်………ကိုရင်ကျော်…………ကျွန်မက အစ်ကိုလို ချစ်လို့….. ခင်လို့ ……နောက်ပြောင်ပြီး……….ဟဲ့သောက်ပလုတ်တုတ် မီနီမံ လို့ခေါ်တာ…. စိတ်ဆိုး နေလို့လား´´
``ငါ့တော့……..ခေါ်ချင်သလိုခေါ်ပြီး………..ကိုရင်ကျော်က…………နင့်လင်မို့လား´´
ထိုအခါ ကိုရင်ကျော်သည် မင်းသမီးမေသဇင်ကို လက်ချင်းချိတ်၍ ကွေးအောင်ကသည်။ ဆိုင်းကလည်း အားပါးတရ တီးပေးသည်။
အတီး နှင့် အက ရပ်သွားသောအခါ…………………..
``ဘာဖြစ်တာလဲ….သောက်ရူးရဲ့…´´
``ဘာဖြစ်ရမှာလဲကွ……… မင်းက………မေသဇင်ကို နင့်လင်လားလို့ ပြောတာကိုးကွ´´
``အော်……မင်းက သိမ့် လို ယုန်ထင်ကြောင်ထင် ဖြစ်နေတာကိုး………….သူ့ပုံကြည့်ပါလား………ယုန်နဲ့ကြောင်တွဲနေတာလေ………´´
``ဟုတ်တယ်…..ကိုရင်မောင်…..ကျွန်မလဲ သတိထားမိတယ်၊ သိမ့် ဆိုပြီး…….. မှတ်ချက်တွေမှာ ဗျာ တွေများနေတော့………ဘယ်လိုဟာကြီးကို…….မသိဘူး´´
``ကဲပါ……..မင်းသမီးရယ်၊ အပြောလေးတွေလျှော့ပြီး………..အလုပ်နဲ့……. သက်သေပြရအောင်…………နှမရေ…………´´
``ကိုရင်မောင်………´´
``ဗျောင်´´
``ကိုရင်ကျော်´´
``ဗျော်´´
``ပျော်ကြတယ်နော်………´´
``ပျော်တာပေါ့ မေသဇင်ရယ်……….´´
``မေ……….ဆိုသွားတဲ့သီချင်းလေးက ကျွဲမ လို့ အမည်ရပါတယ်ရှင်´´
``ဟုတ်တယ်……..နှမရေ…….နန်းတော်ရှေ့ဆရာတင်ရေးစပ်ခဲ့တာပေါ့´´
``ဟုတ်ပါတယ်ရှင်………နန်းတော်ရှေ့ဆရာတင်က မန္တလေးအရှေ့ဖက် တောရွာ တစ်ရွာမှာ ကန်စွန်းရွက်………ရောင်းလာတဲ့….အသားမဲမဲလုံမငယ်တစ်ယောက်ကို မျက်စေ့ ကျတော့ မင်းသမီး အလုပ်ခိုင်းပြီး ရေးစပ်ပေးလို့ ကခိုင်းခဲ့တဲ့ သီချင်းလေးပေါ့ရှင်´´
``ဟုတ်ပါ့ဗျာ……ဘိုကေ တစ်ထောင်မှာ တစ်ယောက်လောက်တော့ စွဲကောင်းပါရဲ့ ဆိုပေမယ့် မေသဇင်တို့ကတော့ ……………..´´
``အရေးကောင်း………..အပြောကောင်း……….အကကောင်း………..အားလုံးကောင်း နေတော့………မေသဇင့်ကို….ဘိုကေတစ်ထောင်မကဘူး………….စွဲနေပြီဗျို့……………´´
အားလုံးကိုလေးစားလျက်--------------
ကိုရင်ကျော်-----------
………………………………………………….
ချစ်သူမြို့တော်အငြိမ့်ခန်း(၄)
“လ၀န်းကလေးနဲ့တူတဲ့..........မေ့ကိုလားကွယ်............အသည်းထဲစွဲနေပါတဲ့သူညာတယ်..............ချစ်ခွင့်ပန်ချစ်စကားလေးတွေမှာကွယ်........စမ်းကျရေစီးသံတေးအသွယ်သွယ်............အလှပန်းသည်းမြညှာမှာဝေ့လည်ဝေ့လည်.........သူ့ချစ်လိပ်ပြာငယ်လေးလာနေတယ်...........ဘ၀တစ်သက်တာခိုနားဖို့ကိုကြံရွယ်.........ချစ်မေတ္တာအဖြေခက်သားကွယ်..........ကြင်နာတာရယ်ရင်မှာ အမြဲကြွယ်.....သူဒါပဲပြောပြောနေတယ်..........မြတ်နိုးမှုမှာသဒ္ဓ္ဓါကြွယ်.........ချစ်သည်းနှင်လာလည်းကွယ်.......မိန်းမသားမှာတွေးရတယ်.......တကယ်ပဲသူ့ကြောင့်သာပင်.......ခက်တယ်..............ခက်တယ်............နှလုံးသားမေတ္တာဆိုသည်လည်းယုံရန်မလွယ်...............အပြုံးရိပ်မှာခဏပန်းလှတာ မလိုတယ်........ စဉ်းစားကာနေရဦးမယ်.......... စဉ်းစားကာနေရဦးမယ်.......... စဉ်းစားကာ နေရဦးမယ်..........”
ဆိုဆိုကက နှင် ခင်ပျိုနှမ မေသဇင် အသုံးတော်ခံပြီးနောက် ဆိုင်းဆရာရှေ့သွားထိုင်နေ သည်။ လူရွှင်တော် ကိုရင်ကျော် နှင့် ဂျူပီတာရင်မောင်တို့ ရှေ့ထွက်လာသည်။
“ဂျူပီတာကြီးရေ............မင်းသမီးလေး မေသဇင် “ဆို”တာ၊ “က”တာ မြင်ရပြီးပြီးမို့ ပရိသတ် နဲ့ မိတ်ဆက်ပေးရအောင် ထုတ်ဗျာ”
“ကြွပ်ကြွပ်အိပ်နဲ့ ထုတ်ရမှာလား”
“မသုံးနဲ့လို့...........အမိန့်ထုတ်ထားတယ်၊ ပီနံအိတ်နဲ့ထုတ်”
“မင်းပြောမှ ပိုဆိုးနေပြီ၊ ချိုသာသောစကားသံလေးကြားရအောင် ခေါ်ရမှာမဟုတ်လား ဂျူပီတာရ”
“ဟုတ်ပါ့ ကိုရင်ကျော်ရေ.......ကဲ....ကဲ..........ခါးတင်အလှ.........ငါးပဉ္စကောင်းခြင်း၊ ခင်ပျိုနှမ.........မေသဇင်ရေ..............အစ်ကိုတို့က ခေါ်ပါတယ်လေ..................”
မေသဇင် လက်အုပ်ချီပြီး ထလာသည်။ ပရိသတ်ကို ကန်တော့သည်။ လူရွှင်တော် နှစ်ယောက် ကလည်း လိုက်ကန်တော့သည်။
“အစ်ကိုတို့ရေ..........”
“ဗျာ............ဗျ”
“ပျော်တယ်နော်........”
“ပျော်ပါတယ် နှမရယ်”
“ချစ်သူမြို့တော်ပရိသတ်ကြီးအားလုံး.........ပဒုမ္မာရွှေကြာပန်းကဲ့သို့...ရွှင်လန်းနိုင်ကြပါစေ။ ဘေးသယာဝေးကွာပြီး..............အေးမြကြပါစေ”
“ကွန်နက်ရှင်တွေ.....ကောင်းပါစေ၊ လိုင်းမကျပါစေနဲ့.....ဆုတောင်းပေးရမယ်....နှမရေ”
“နောက်ပြီး..........”
“နောက်ပြီး........ဘာလဲ...ကိုရင်ကျော်ရဲ့”
“မီးမပျက်ပါစေနဲ့လို့ ..............ဆုတောင်းရသေးတယ်နှမရဲ့...........”
“ဟုတ်တာပေါ့.......မေသဇင်လေးနဲ့ ......ချက်နှိုက်လို့ကောင်းတုန်း.......မီးကပျက်သွားပြီ”
“ဟေ့ကောင်.....ဂျူပီတာ......ချစ်သူမြို့တော်အငြိမ့်ဆိုတာ........မရိုင်းစိုင်းရဘူးကွ.......ဘာ...... မေသဇင်လေးနဲ့....ချက်နှိုက်သလေး.......ဘာလေးနဲ့.........”
“ကိုရင်ကျော်ကလဲ..........အင်တာနက်ပေါ်မှာ......ချက်တင်လုပ်တာ၊ အပြန်အလှန်စကား ပြောတာကို..........ဆိုလိုတာပါဗျ.............”
“သိပါဘူးကွာ........ငါက........အဘိုးကြီးဆိုတော့.........ခေတ်မမီဘူးကွ............”
“ဟုတ်တယ်........အစ်ကိုတို့ရေ...........မေသဇင်က......အဖွားနဲ့နေတာ..... အဖွားကို ........အဖွား....သမီး.....အွန်လိုင်းပေါ်.....သွားတက်ဦးမယ်နော်..........ဆိုတော့”
“ဘာပြန်ပြောသလဲ”
“ဟဲ့........မိန်းကလေး........အမြင့်ကြီးလား..........လိမ့်ကျနေဦးမယ်တဲ့............၊ အွန်လိုင်း .......ဆိုတာကြီးကို အဖွားနားလည်အောင်...မနည်းရှင်းပြခဲ့ရတယ်”
“အဖိုး........အဖွားဆိုတာ........ဘယ်သိပါ့မလဲ...........သူတို့ခေတ်က.........အိုးပုတ်တို့... ချိုးရုပ်တို့လောက်......ကစားစရာရှိတာ..........”
“ဒီနေ့မနက်လဲ.......အဖွားရေ......သမီးအင်တာနက်ဆိုင်သွားဦးမယ်.....ဆိုတော့..... ဘာသွားလုပ်မှာလို့မေးတယ်...........သမီးချစ်သူမြို့တော်မှာ.........တင်ပြစရာရှိလိုပါပြောတော့၊ ညည်း တင်ပြတော့ ဟိုကောင်တွေက ဆိတ် လိုက်မှာပေါ့တဲ့”
“ဂျူပီတာ.........ဖြစ်မယ်”
“ဟေ့..........ကိုရင်ကျော်.............ငါက........တင်ပြလာရင်ကြည့်တာဘဲရှိတာကွ”
“ဂျူပီတာကြီးနော်.........နှမချင်းမစာနာဘူး”
“ဘာလဲ.........နင်တင်ပြတဲ့..........တိုးတိုးတိတ်တိတ်အတင်းပြောမယ်တို့....... မေသဇင်ရဲ့သေရွာပြန်ခရီး ......အက်မင် သုံးယောက် အဖုတ်များ စားနေကြပြီ ........... ဆိုတဲ့ပို့စ်တွေ .....ဖတ်ကြည့်တာကို ပြောတာပါ”
“ဒါဆိုလဲ ရင်မောင်ရယ်................သေရွာမသွားခင်...............တိုးတိုးတိတ်တိတ်......... အဖုတ်စားပြီး.................နားကြပါစို့.................”
ဗျောင်..............နောင်............နောင်............ဗဗေ..........ပေး.............ဂျိ..................
တ.............တော့...............တော်....................တော.........
အားလုံးကိုလေးစားလျက်ပါ..........................
ကိုရင်ကျော်............
..........
ချစ်သူမြို့တော်အငြိမ့်ခန်း(၃)
“ကျွန်တော်ကတော့မင်းသား………. မင်းသား……….မင်းသား………..တစ်ပင်တိုင်ဘ၀မှာ ယှဉ်ပြိုင်ကစရာနှမကညာလိုသဗျာ……………..”
“အံမယ် ဂျူပီတာကြီး ……………… နှစ်ပါးသွားကမလို့လား”
“အေးပေါ့ ကိုရင်ကျော်…………မေသဇင်လေးနဲ့များ နှစ်ပါးသွားကလိုက် ရရင်သေပျော်ပါပြီ”
“တော်စမ်းပါ………ဂျူပီတာရင်မောင်ရာ၊ နှစ်ပါးသွားတော့ မကြား ချင်ပါဘူး”
“ဘာ့ကြောင့်လဲ ကိုရင်ကျော်ရ…………”
“နှစ်ပါးသွားရင် အချစ်အကြောင်းတွေ ပြောရ ဆိုရတယ်မဟုတ်လား”
“ဟုတ်တယ်လေ……….ဘာဖြစ်လို့လဲ……….”
“မေသဇင် ……..အချစ်က တော်တော် စိတ်နာစရာကောင်းတယ်”
“ဘာ…………မကောင်းတာလဲကွ”
“အင်တာနက်ကြည့်ချင်လို့ဆိုပြီး ပိုက်ဆံချေးသွားတာပြန်မဆပ်ဘူးလေ”
“အောင်မာ………..ဒီကောင်………..ဘာဖြစ်နေတာလဲ………ပိုက်ဆံပြန်မဆပ်တာနဲ့ စိတ်နာသလေး……….ဘာလေးနဲ့၊ ငါပြောနေတာက အများမြင်တဲ့ နှစ်ပါးခွင်ကွ”
“သြော်………..သစ္စာထားလို့……………နှစ်ပါးသွားချင်နေတာကိုး၊ နှစ်ပါးသွားချင်ရင် ……………… မင်းနဲ့တော့မဖြစ်ပါဘူး”
“ဘာ့ကြောင့်လဲ……ကိုရင်ကျော်ရ”
“မင်းက အရက်သောက်ထားတော့ ……အရက်နံ့ရတယ်၊ မင်းသမီးက တွဲကချင်မှာ မဟုတ်ဘူး”
“အော်………မင်းက……ငါ့ကိုကျတော့ပြောတယ်၊ မင်းရည်းစားလင်နောက်လိုက်သွား လို့ဆိုပြီး…………အရက်တွေ…..နင်းကန်သောက်တယ်……..မဟုတ်လား”
“စိတ်ညစ်လို့ အရက်သောက်ပေမယ့် စည်းနဲ့ကမ်းနဲ့သောက်တာပါကွာ”
“ဘာစည်းကမ်းလဲ……..မင်းကများ………အရက်သောက်တဲ့စည်းကမ်းပြောရသေးတယ်”
“ငါအရက်သောက်တာ အချက်(၃)ချက် ကြောင့်သောက်တာ ဂျူပီတာရေ”
“အချက်(၃)ချက်တဲ့…….ရှင်းစမ်းပါအုံး”
“အရက်ကို သောက်တဲ့လူမရှိရင်……..အလဟသဖြစ်ပြီး………အရက်ချက်ရောင်းတဲ့လူတွေ စီးပွားပျက်မှာစိုးတာက နံပါတ်တစ်အချက်”
“နံပါတ်နှစ်အချက်ကဘာလဲ”
“ငါတို့ဘိုးဘွားအစဉ်အဆက်က သောက်လာတဲ့ အရက်ကို ငါတို့မသောက်ရင် အစဉ်အလာ ပျက်မှာစိုးလို့ပေါ့ကွ………….”
“မှတ်လောက်ပါပေ့ကွာ၊ နောက်ဆုံးအချက်ကကော…….”
“အရက်သောက်ပြီး………….ဒုက္ခရောက်ကြလွန်းလို့ ခေတ်လူငယ်လေးတွေ ဒုက္ခမရောက် အောင် ငါက အရက်တွေ အပြောင်ရှင်း………..သောက်ခြင်းဖြစ်ပေတယ်……..ဂျူပီတာရင်မောင်ရေ”
“ကောင်းတယ်……..ကောင်းတယ်…………သေရင်နိဗ္ဗာန်ရောက်မယ့်ကောင်ဘဲ”
“အရက်ကို ကြိုက်လို့သောက်တဲ့လူ…………စိတ်ပျော်တတ်လို့သောက်တဲ့လူ………. သောက်ပစ်လိုက်မယ်ခပ်များများ………….ဘူးထွား………….ဟား………….ဟား……………ဟား...........……”
ချစ်သူမြို့တော်အငြိမ့် တစ်ခန်းရပ်ပြဇာတ်
ပါဝင်သူများ
ကိုရင်ကျော် ။ အရှင်မင်းကြီး
ဂျူပီတာ ရင်မောင် ။ ၀န်မင်း
မေသဇင် ။ အရပ်သူ
နောက်ခံအပြင်အဆင် ။ ရပ်ကွက်တစ်ခု၏ လမ်းတစ်လမ်း
ကိုရင်ကျော်သည် ဘုရင်မင်းတရားကြီး၏ အ၀တ်အစားနှင့် အိနြေ္ဒရရ ထွက်လာစေ။
ဂျူပီတာ ရင်မောင်သည် ၀န်မင်း အ၀တ်အစားနှင့် နောက်တော်ပါးက ခစားလျက် လိုက်ပါလာစေ။
တစ်နေရာရောက်သော် ရပ်လိုက်၏။
“မင်းကြီးနဲ”
“မင်းကြီးများ လုပ်ပါ ကိုရင်ကျော်ရယ်”
“မင်းကြီးဆိုလို့ မင်းတစ်ယောက်ထဲမဟုတ်လား။ ကျန်တဲ့ သူတွေ ညက မန်ယူပွဲကြည့်ပြီး အခုထိ မထကြသေးလို့ မောင်မင်းတစ်ယောက်ထဲ အခစားဝင်နိုင်တာမဟုတ်လားကွဲ”
“မှန်လှပါ …………….အသေမင်းကြီး”
“အရှင်မင်းကြီးလုပ်ပါ ၀န်မောင်ရယ်”
“ဘယ်သူဖြစ်ဖြစ် ရှင်ပြီးရင်သေရမှာပါဘုရား”
“တရား ရတယ်ပေါ့လေ၊ ငါကိုယ်တော် ဆင်ဖြူတော်စီးပြီး တိုင်းခန်းလှည့် လည်လာတာ ဘယ်အတွက်လဲကွဲ့”
“ဆင်ဖြူတော်လဲ မမြင်ပါလား၊ ဘယ်နှယ်စကားထဲထည့်ပြောနေတာလဲ”
“ဇာတ်လမ်းအရ ဘုရင်လုပ်မှတော့ ၊ မောင်မင်း အနေနဲ့ မင်းလိုလိုက် မင်းကြိုက်ဆောင်ပြီး ပြောမှပေါ့ ၀န်မောင်ရဲ့”
“သည်းခံတော်မူပါဘုရား၊ အရှင်မင်းကြီး တိုင်းခန်းလှည့်လည်လာတဲ့ အကြောင်းက ပြည်သူ၊ ပြည်သားတွေ အခြေအနေကို သိချင်လို့မဟုတ်ပါလားဘုရား”
“ဟုတ်ပေတယ် ၀န်မောင်ရယ်၊ ငါကိုယ်တော် ရှုမျှော်လို့ ကြည့်လိုက်အုံးမယ်”
မင်းတရားကြီး ကိုရင်ကျော်သည် မျက်စိကစား အနီးအပါးကို ဝေ့၀ိုက်ကာ ကြည့်ရှုတော် မူလေ၏။
မင်းသမီး မေသဇင်သည် အ၀တ်အစားကို သာမန်အရပ်သူ တစ်ယောက်ကဲ့သို့ ၀တ်ထားပြီး ထမင်းအိုးကို မြေကြီးပေါ်သို့ ငှဲ့ချနေလေသည်။
ထိုအချင်းအရာကို မင်းကြီးမြင်လေသော် ………..
“အလို…………၀န်မောင်၊ ဟိုမှာကြည်းစမ်းပါအုံး”
“ဘယ်မှာလဲ ဘုရား”
“ဟိုသူငယ်မ”
“ဟေ့သူငယ်မရာ လှလို့ ၀လို့ဗျာ၊ အသားလေး ၀င်းဝါ၀ါ”
“ဟဲ့ဝန်မောင် ကြော်ညာမ၀င်နဲ့ ကေသီပန် သွေးပုတ်ချဆေး ရောင်းနေတာမဟုတ်ဘူး”
“မှန်လှပါ အရှင်မင်းကြီးက ဟိုသူငယ်မ ဆိုတော့ ဆိုမိတာပါဘုရာ့”
“ဟိုသူငယ်မကို မြင်လား”
“မြင်ပါတယ်ဘုရား”
“နောက်တော်သွင်းစေ”
“ရှေ့တော်သွင်းစေ လုပ်ပါ ကိုရင်ကျော်ရယ်”
“နောက်တော်သွင်းတော့ လူမသိဘူးပေါ့ ၀န်မောင်ရယ်”
“မှန်လှပါ”
ဝန်မောင် သည် ထမင်းရည်ငှဲ့နေသော မေသဇင်ကို သွားခေါ်ပြီး မင်းတရားကြီး ကိုရင်ကျော်ထံ အခစားဝင်စေ၏။
“ဟဲ့သူငယ်မ”
“ဘုရား………..ဘုရား…………….ဘုရား……………….မှန်လှပါဘုရား”
“တစ်ခွန်းထဲထူးလဲ ရတာဘဲ”
“နင်အသာနေပါ ၀န်မောင်ရယ်၊ ငါကိုယ်တော် စစ်ဆေးတော်မူမယ်”
“တပည့်တော်မ ဘာအပြစ်များ ကျူးလွန်မိလို့ပါလဲဘုရား”
“နင့် အပြင် နင်မသိဘူးလား သူငယ်မ”
“မသိရပါ အရှင်ဘုရား”
“ထမင်းရည်ကို မြေပေါ်ငှဲ့ချတာ အပြစ်ပေါ့ကွဲ့”
“ဘာ့ကြောင့်ပါလဲဘုရား”
“ထမင်းရည်ကို မြေပေါ်ငှဲ့ချမယ့်အစား ခွက်သန့်သန့်လေးနဲ့ခံထားပြီး နင့်ကလေးတွေကို တိုက်ရင်အာဟာရ မဖြစ်ဘူးလားကွဲ့”
“တပည့်တော် အပျိုပါ၊ ကလေးမရှိပါဘူးဘုရား”
“ကလေးမရှိလည်း ခွက်နဲ့ခံထားပြီး ခွေးတွေ၊ ၀က်တွေ ကို အစာထဲ ထည့်ပြီး အာဟာရ ဖြစ်အောင် သုံးလို့ မရဘူးလား”
“မှန်လှပါ တပည့်တော်မ တိရစ္ဆာန်အညစ်အကြေးဆို ရွံလွန်းလို့ ဘာကောင်မှ မမွေးပါဘူးဘုရား”
“ကလေးလည်းတိုက်စရာမရှိ၊ အကောင်လည်း တိုက်စရာမရှိ၊ ဒီထမင်းရည်ကို နင်အသုံးကျ အောင် မလုပ်နိုင်ဘူးလား”
“မှန်လှပါ မလုပ်နိုင်ပါဘူးဘုရား”
“ငါကိုယ်တော် မိန့်တော်မူမယ်၊ မှတ်ကွဲ့”
“မှန်လှပါ အရှင်မင်းကြီး”
“ထမင်းရည်ကို ခွက်ကလေးနဲ့ခံထား၊ မီးသွေးမှုန့် အကြေတွေ စုထား၊ အဲဒီမီးသွေးမှုန့် အကြေတွေကို ထမင်းရည်နဲ့ နာနာနယ်၊ လက်သီးဆုပ်အရွယ် လုံး၊ ပြီးရင်နေပူလှန်း”
“မှန်လှပါ သင့်မြတ်လှကြောင်းပါဘုရား”
“နေပူလှန်းလို့ ခြောက်သွားရင် ရောင်းစားလို့ရတယ်၊ ရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ အင်တာနက်ဆိုင် ထိုင်လိုက်စမ်းပါ သူငယ်မရယ်”
“လျှော်ကန်သင့်မြတ်လှကြောင်းပါ အရှင်မင်းကြီး”
“ငါကိုယ်တော် စကားလိုက်နာပွားပြီး အင်တာနက်ဆိုင် သွားလိုက်ပါ မေသဇင် ရေ……………”
အရှင်မင်းကြီး ကိုရင်ကျော်နှင့် ၀န် ဂျူပီတာ ရင်မောင်တို့သည် စည်တီး၍ ပြည်ကြီးသို့ ၀င်သွားချိန်တွင် ကတ္တီပါကန့်လကာကို ညင်သာစွာချရမည်။
ဆိုင်း သံ ထွက်ပေါ်လာမည်။
ဗျောင်……….ဗျောင်……………ဗိန်…………….ဗိန်………………ထီ…………………..ထီ
နှလုံးသားမြို့တော်အငြိမ့်ခန်း
“ဒီဘက်က ဂျူပီတာ ရင်မောင်လားခင်ဗျာ့”
“မှန်ပါ့ ကိုရင်ကျော်ရေ”
“ဒီကနေ့ ကတဲ့ ပွဲဟာ ဘာပွဲလဲ မိန့်တော်မူပါအုံး ဂျူပီတာကြီးရေ”
“ဟုတ်ကဲ့ ခင်ဗျာ ချစ်သူမြို့တော် တည်ထောင်တဲ့ တစ်နှစ်ပြည့် ပွဲကြီးပေါ့၊ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၅ ရက်နေ့ က စတင်တည်ထောင်ခဲ့တော့၊ တစ်နှစ် တိတိပြည့်မြောက်ပြီပေါ့ခင်ဗျာ”
“ကောင်းပါပေ့ခင်ဗျာ၊ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ခညောင်းပါပေ့ဗျာ”
“ဆုတောင်းပေးရတာပေါ့ခင်ဗျာ၊ တည်ထောင်တဲ့ ကိုငြိမ်း(ရွှေဘို) အသက်ရာကျော် ရှည်ပါစေ၊ ကောင်းမှုကုသိုလ်တွေ များများလုပ်နိုင်ပါစေလို့ ဆုတောင်းပေးရတာပေါ့ဗျာ”
“ကျွန်တော်ကတော့ လူသစ်ကလေးပါ။ ထင်ပေါ်လို့ တောက်ကြွား၊ မြှောက်စားခံ ချင်လွန်းလို့ ချစ်သူမြို့တော် စင်မြင့်ကို ၀င်ရောက်ခဲ့တာပေါ့ခင်ဗျာ”
“ဘာမှ အားမငယ်ပါနဲ့ ကိုရင်ကျော်ရယ်၊ အဆင်သင့်လို့ စင်မြင့်ကို တက်ခွင့်ရတော့ ခင်ဗျားတို့၊ ကျွန်တော်တို့ ကြိုးစားရမှာပေါ့ဗျာ”
“ဒါပေါ့ ဂျူပီတာရေ၊ ဒါနဲ့ ချစ်သူမြို့တော် နှစ်ပတ်လည်နေ့ အငြိမ့်ဖျော်ဖြေခန်းမှာ ဖျော်ဖြေ ပေးမယ့် မင်းသမီးလေးက ဘယ်သူတုန်း ခင်ဗျ”
“မေသဇင် ဆိုတဲ့ ပန်တျာကျောင်းထွက်ကလေးပေါ့ ကိုရင်ကျော်ရေ”
“သြော် မေသဇင် ဆိုပါလား၊ ကောင်းလိုက်တာဗျာ၊ အခုလိုပွဲကြီးမှာ မအားလပ်တဲ့ကြားက အကြော်ရောင်းတာဖျက်ပြီး လာရောက်အသုံးတော်ခံတာ အင်မတန်မှ ဂုဏ်ယူမိပါတယ်ဗျာ”
“ဟုတ်ပါ့ ကိုရင်ကျော်ရေ၊ ကဲ ကဲ မင်းသမီး ခေါ်ဗျာ”
“မီမီ….. လာ ….. လာ ….. လာ ………”
“ခင်ဗျားကလဲ ကြောင်ခေါ်နေတာ မဟုတ်ဘူးလေ၊ မင်းသမီးကိုခေါ်ခိုင်းတာ၊ မခေါ်တတ်လဲ မခေါ်နဲ့ဗျာ၊ ကျုပ်ခေါ်မယ်၊ မင်္ဂလာကျက်သရေခညောင်းပါစေ မေသဇင်ရေ………… ကိုဂျူပီတာကြီးက ခေါ်ပါတယ်လေ……………………….”
မင်းသမီး မေသဇင် မခို့တရို့နှင့် ထွက်လာသည်။
“ဒီဘက်က ကိုရင်ကျော်လားရှင့်”
“မလစ်လပ်ရကြောင်းပါ မေသဇင်ရေ”
“ဒီဘက်ကတော့ ဂျူပီတာ ရင်မောင်ပါလားရှင်”
“နှမတော်အပါးမှာ ခစားလျက်ပါ မေသဇင်ရေ”
“အခုလို ချစ်သူမြို့တော် တစ်နှစ်ပြည့် ပွဲတော်ကြီးမှာ ဖျော်ဖြေခွင့်ရတာ ၀မ်းမသာကြဘူးလား ရှင်”
“၀မ်းသာတာပေါ့ မေသဇင်ရယ်”
“တည်ထောင်တဲ့သူက စိတ်ကူးကောင်းကောင်းနဲ့တည်ထောင်ခဲ့ပြီး၊ နည်းပညာတွေရ၊ မိတ်ဆွေတွေရ၊ ဗဟုသုတတွေရပြီး အိမ်ထောင်ကျတဲ့သူတွေလဲ ကျသွားတယ်တဲ့ မေသဇင်ရေ”
“ဟုတ်ပါတယ် အစ်ကိုတို့ရယ်၊ ဒါ့ကြောင့် သမီးလေး မေသဇင်က သီချင်းလေး တစ်ပုဒ်နဲ့ ဖျော်ဖြေပေးချင်ပါတယ်ရှင်”
“ဘာသီချင်းများလဲ နှမရေ”
“အာယားမ လို့ အမည်ရပါတယ်ရှင်”
“နင်နဲ့တော့ ဒီသီချင်းကတော့ အလိုက်သားဘဲ”
“ဘာ့ကြောင့်လဲ ကိုရင်ကျော်ရဲ့”
“နင်ကအဆိုကောင်းတယ်လေ”
“ကိုရင်ကျော်ရေ………အပြောတွေလျှော့ပြီး အလုပ်နဲ့သက်သေပြကြဖို့လိုပြီ၊ ဒါ့ကြောင့် မေသဇင်ရေ………….. အာယားမ ဆိုတဲ့သီချင်းလေးနဲ့ အသုံးတော်ခံလိုက်ပါအုံး”
မေသဇင်က အာယားမ သီချင်းကို အဆိုပိုင်ပိုင်ဖြင့် သီဆိုသည်။ အဆိုပြီးတော့ အက မှာလည်း ညက်ညောသည်။ ကွေးညွှတ်နေအောင်ကသည်။
မေသဇင်ကတော့ ဂျူပီတာကြီးက ခါးကုန်းပြီး လက်နှစ်ဖက်က ဒူး ထောက်ထားသည်။ ကိုရင်ကျော်က မင်းသမီး မေသဇင် ကကွက်လိုက်ပြီး မေးကလေးကိုင်လိုက်၊ ဂျူပီတာ ကျောကုန်း ပေါ်နားလိုက်၊ ပါးကလေးကိုင် လိုက် ဂျူပီတာ ကျောကုန်းပေါ်နားလိုက် လုပ်နေသည်။
မေသဇင်ကလည်း အားကြိုးမာန်တက် သွက်သွက်လက်လက် ကပြအသုံးတော်ခံသည်။ ကိုရင်ကျော်က မင်းသမီး မေသဇင် ပခုံးလေးကိုင်ပြီး ဂျူပီတာ ကျောကုန်းပေါ်နားရန် ပြင်လိုက်စဉ် ဂျူပီတာက ပုဆိုးပြင်ဝတ်ရန် မတ်တပ်ရပ်လိုက်၍ ကိုရင်ကျော် အောက်ကို ပြုတ်ကျသွားသည်။
ပရိသတ်က ကိုရင်ကျော်အဖြစ်ကို ကြည့်ပြီး ပြုံးသူပြုံးသည်။ ရီသူရီကြသည်။
မေသဇင် လည်း မောသွားသည်။
