ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား

Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Saturday, July 21, 2012

လူလိမ်

လူလိမ်လူညာတွေဟာလောကမှာ တော်တော်ပေါပါတယ်။

လူလိမ်တွေမှာ ချိုမပါပါဘူး။

တစ်ခါအလိမ်ခံရရင် လိမ်တဲ့သူရဲ့ အပြစ်၊ နှစ်ခါအလိမ်ခံရရင်တော့ ခံရသူရဲ့ အပြစ်၊ ညံ့ဖျင်းမှုလို့ပြောရပါမယ်။

အဲဒီလိုလိမ်တဲ့အခါမှာလည်း နည်းတစ်နည်းထဲသုံးပြီး လိမ်တတ်ကြသလို၊ နည်းအမျိုးမျိုးသုံးပြီး လိမ်ကြတာတွေလည်းရှိပါတယ်။

လူလိမ်လူညာတွေမှန်းလည်းသိတယ်။ သိလျက်နဲ့လည်း အလိမ်ခံရတတ်ပါသေးတယ်။

ကိုဖိုးထောင်ဆိုတာလူလိမ်တစ်ယောက်ပါ။ ဒါပေမယ့် သူကတော့ သူနေတဲ့ဒေသပတ်ဝန်းကျင် မှာတော့ လုံးဝမလိမ်ပါဘူး။

တစ်နှစ်တခါဆိုသလို ငွေရွှင်တဲ့အချိန်တွေမှာ ဒေသအသီးသီးကို လှည့်ပြီး လိမ်လေ့ရှိပါတယ်။ လိမ်တဲ့အခါမှာ ဗေဒင်ဆရာလိုလို၊ ပယောဂဆရာလိုလို၊ တက္ကသိုလ်ကျောင်းသားလိုလို၊ ဗိန္ဒောဆရာလိုလို အယောင်ဆောင်ပြီး လှည့်လည် လိမ်ညာနေတာပါ။

သူဒီလိုအမျိုးမျိုး လိမ်ညာနေတာတွေဟာ အေးအေးဆေးဆေးထိုင်ပြီးသုံးစွဲလောက်အောင် စုမိ ဆောင်းမိပြီဆိုရင်တော့ သူ့ရွာမှာပြန်ပြီး နားနားနေနေ နေလေ့ရှိတယ်။

သူရွာမှာ နားနေတဲ့အချိန်မှာ အားနေတာနဲ့ ဘုန်းကြီးကျောင်းကို ရောက်သွားတယ်။

ဘုန်းကြီးကမေးတယ်။

``ဒကာဖိုးထောင် …. ရပ်တကာရွာတကာလှည့်ပြီး လိမ်နေတယ်လို့ကြားတယ်…. ဟုတ်သလား´´

``မှန်ပါဘုရား´´

``ဒါဖြင့် ငါ့ကိုလိမ်လို့ရရင်လိမ်စမ်းပါ´´

``လူရိုးလူအ မလည်မ၀ယ်တွေကိုတော့ လိမ်လို့ရပါတယ်ဘုရား၊ အရှင်ဘုရားလို လူကိုတော့ လိမ်လို့မရပါဘုရား´´

``ဟုတ်လို့လား ဖိုးထောင်ရဲ့´´

``တင်ပါဘုရား လိမ်တယ်ဆိုတာကလည်း ပညာရပ်တစ်ခုပါဘဲဘုရား´´

``ပညာရပ်တစ်ခုဆိုရင်တော့ ဘယ်သူကို မဆိုလိမ်လို့ရမှာပေါ့ဒကာ´´

``တပည့်တော် လျှောက်ထားပြီးပါပြီးဘုရား၊ လိမ်တယ်ဆိုတာ အတတ နတတ မအူမလည် လူတွေကိုဘဲ လိမ်လို့ရပြီး အရှင်ဘုရားကိုတော့ လိမ်ဖို့ရာခက်ပါတယ်ဘုရား´´

``ခက်ခဲနက်နဲတယ်လို့ဆိုလိုတာလားဒကာ´´

``မှန်ပါဘုရား´´

``ဒါဖြင့် ငါ့ကိုရအောင်လိမ်ကွာ´´

``လွယ်လွယ်နဲ့တော့လိမ်လို့မရပါဘူးဘုရား´´

``ဘာ့ကြောင့်မရတာလဲဒကာ´´

``တပည့်တော်ရပ်တကာရွာတကာလည်ပြီး လိမ်တယ်ဆိုတာ မလိမ်ခင် အိမ်ကဘုရားမှာ အုန်း၊ ငှက်ပျောပွဲ ထိုးပြီးမှ သွားလိမ်တာပါဘုရား´´

``အဲဒီတော့……..´´

``တပည့်တော်……အိမ်မှာ အုန်း၊ ငှက်ပျောပွဲ မထိုးရသေးလို့ အရှင်ဘုရားကို လိမ်လို့ဘယ်ရပါ့မလဲဘုရား´´

``ဒါဆိုလဲ ကျောင်းက ကျောင်းသားကြီးတွေကို အုန်း၊ ငှက်ပျောပွဲပြင်ပြီး ဒကာ့အိမ်ကို ပို့ခိုင်းလိုက်မယ်´´

``တင်ပါဘုရား´´

ဒီလိုနဲ့ ဘုန်းကြီးက ကျောင်းသားကြီးတွေကို အုန်း၊ ငှက်ပျောပွဲပြင်ခိုင်းပြီး ကိုဖိုးထောင်အိမ်ကို ပို့ခိုင်းလိုက်တယ်။

ကျောင်းသားကြီးတွေ အိမ်ကို သွားပြီး အုန်း၊ ငှက်ပျောပွဲပို့နေတုန်း ဘုန်းကြီးနဲ့ ဖိုးထောင်ဟာ ထွေရာလေးပါး စကားပြောဆိုနေကြတယ်။

အတော်လေးကြာတော့ ဘုန်းကြီးကျောင်းသားတွေ ကျောင်းကို ပြန်ရောက်လာကြတယ်။

``ဒကာဖိုးထောင် ဘုန်းကြီးကို လိမ်တော့လေ´´

``တင်ပါ့ဘုရား တပည့်တော် ဘုန်းဘုန်းကို လိမ်ပြီးပါပြီဘုရား´´

``တယ်………ဒီကောင် ငါ့ကို ဘယ်မှာ လိမ်ရသေးလို့တုန်း´´

``တပည့်တော် ဘုန်းဘုန်းကို လိမ်လိုက်တာမှ ဘုန်းဘုန်းကျောင်းက အုန်းသီး နဲ့ ငှက်ပျောသီးတွေတောင် တပည့်တော်အိမ်ကို ရောက်သွားပါပြီဘုရား´´

``ဟေ……..ဟုတ်သားပဲ´´


ပျော်ရွှင်ကြပါစေ………..

ကိုရင်ကျော်……….

အဖိုးအို

အသက် ၉၀ အဖိုးအိုတစ်ယောက်ဟာ ပန်းခြံထဲက ခုံပေါ်မှာထိုင်ပြီး ငိုရှိုက်နေတယ်။

လူငယ်လေး တစ်ယောက်က လမ်းလျှောက်လာရင်း ဘာများဖြစ်တာလဲလို့ သူ့ကိုမေးလိုက်တယ်။ မျက်ရည်သုတ်ရင်း အဖိုးအိုက ပြောလိုက်တာက…
“အသက် ၂၅ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို ချစ်မိလို့ပါကွာ”
“အဲဒါ ဘာဖြစ်လို့လဲ” လူငယ်ကလေးက ပြန်မေးတယ်။
အဖိုးကြီးက သက်ပြင်းချ ငိုရှိုက်ရင်း ပြောလိုက်တာကတော့-
“မင်း မသိပါဘူးကွာ၊ သူကလေးက မနက်အလုပ်မသွားခင်မှာ ငါတို့ချစ်ကြတယ်၊ နေ့လယ်စာစားချိန် သူလေးအိမ်ကိုပြန်လာတယ်။ အဲဒီအချိန်မှာလဲ ငါတို့ချစ်လိုက်ကြတယ်။ ပြီးတော့ သူလေးက ငါကြိုက်တဲ့ အစားအစာတွေ လုပ်ပေးတယ်။ မွန်းလွဲပိုင်းအချိန်လေး သူလေးအနားယူချိန်မှာ သူလေးပြန်ရောက်လာပြီး ချစ်စကားတွေပြောကြတယ်။ အဖိုးအိုတစ်ယေက်အတွက် လိုချင်တာရတာ အကောင်းဆုံးပါပဲ။ ပျော်စရာအကောင်းဆုံးအချိန်လေးတွေပါ။ တစ်ညလုံး ငါတို့ချစ်ခဲ့ကြတယ်။”
အဖိုးအိုဟာ ဘာစကားမှ မပြောနိုင်တော့ဘဲ ခေါင်းငိုက်စိုက်ကျသွားတယ်။
လူငယ်ကလေးက အဖိုးအိုကို သူ့လက်နဲ့ ကိုင်တွယ်လိုက်ပြီး-
“ကျွန်တော် နားမလည်ဘူး။ အဖိုးရဲ့အချစ်ရေးက ပြည့်စုံနေတာပဲ။ ဘာဖြစ်လို့ငိုနေရတာလဲ”
အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အဖိုးအိုက မျက်ရည်ကျလာရင်း ပြန်ဖြေလိုက်တာကတော့-

"ငါ…ဘယ်မှာနေတယ်ဆိုတာ သတိမရလို့ပါကွာ”

Old Man


A ninety-year-old man is sitting on a park bench, sobbing, when a young man walks by and asks him what's wrong. Through his tears the old man answers,” I’m in love with a twenty-five-year-old woman."

"What's wrong with that?" asks the young man. Between his sobs and sniffles, he answers, "You don't understand. Every morning before she goes to work, we make love... At lunchtime she comes home and we make love again, and then she makes my favorite meal. In the afternoon when she gets a break, she rushes home and gives me oral sex, the best an old man could want. And then at suppertime, and all night long, we make love." He breaks down, no longer able to speak.

The young man puts his arm around him. "I don't understand. It sounds like you have the perfect relationship. Why are you crying?"The senile old man answers, again through his tears, "I forgot where I live."

အားလုံးကိုခင်မင်လျက်
ကိုရင်ကျော်
(၁၉-၃-၂၀၁၂)

လင်နှင့်မယား ဟာသများ

လင်။ ။မယားဆိုတဲ့ အဓိပ္ပါယ်ကို သိသလား? မယားဆိုတာ ပြန်မပြောဘူး။ အမြဲတမ်း နောင်ဂျိန်ချနေတာကို ပြောတာပေါ့။
မယား။ ။မဟုတ်ဘူး အချစ်….အမြဲတမ်း ငပေါကြီး ဖြစ်နေတာကို ပြောတာ။

************ *********

မယား။ ။ကျွန်မက သတင်းစာလေးဖြစ်ချင်တယ်။ ဒါမှ နေ့တိုင်းရှင့်လက်ထဲမှာ ရှိနေနိုင်မှာပေါ့။
လင်။ ။မောင်ကလည်း ခင့်ကို သတင်းစာဖြစ်စေချင်တယ်။ ဒါမှ နေ့တိုင်း သတင်းတွေ နေ့တိုင်းရနေမှာပေါ့။

************ *********

ဆရာဝန်။ ။မင်းယောက်ျား….ငြိမ်းချမ်းစွာနဲ့ အနားယူဖို့လိုနေပြီ။ ဟောဒီမှာ အိပ်ဆေးတွေ။
မယား။ ။ကျွန်မက သူ့ကို ဘယ်အချိန်ဆေးတိုက်ရမှာလဲ။
ဆရာဝန်။ ။အဲဒီဆေးတွေက မင်းသောက်ရမှာ…
************ *********
မယား။ ။ရှင်…ဘယ်လောက် အ-သလဲ သိချင်လို့ ရှင့်ကို ကျွန်မလက်ထပ်ခဲ့တာ။
လင်။ ။ငါက မင်းကို လက်ထပ်ခွင့်တောင်းကတည်းက ငါဘယ်လောက် အ-တယ်တယ်ဆိုတာ မင်းသိခဲ့သင့်တယ်။

************ *********

လင်။ ။ဒီနေ့ တနင်္ဂနွေနေ့ပဲ ငါပျော်ချင်တယ်ကွာ။ ဒါ့ကြောင့် ငါရုပ်ရှင်လက်မှတ် ၃ စောင်ဝယ်ခဲ့တယ်။
မယား။ ။ဘာလို့ ၃ စောင်ဝယ်လာတာလဲ။
လင်။ ။မင်းနဲ့မင်းမိဘအတွက် ၀ယ်လာတာလေ။

************ *********

မယား။ ။ကျွန်မသာ ဧ၀ရက်တောင်ထိပ်ကို တက်နိုင်ခဲ့ရင် ရှင်က ကျွန်မကို ဘာပေးမှာလဲ။

လင်။ ။ချစ်ခင်စွာနဲ့ တစ်ချက်တွန်းလိုက်မှာပေါ့ကွယ်။

************ *********

မေးခွန်း။ ။မင်းရဲ့မယားမွေးနေ့မှာ အလွန်သတိရစေမယ့်နည်းလမ်းကဘာလဲ။

အဖြေ။ ။သူ့ရဲ့မွေးနေ့ကို မေ့ထားလိုက်မယ်လေ။ ဒါဆို သူ ဘယ်တောမှ မမေ့တော့ဘူးလေ။

************ *********

လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးတော့ မယားက လင်ကို ပြောတယ်။

“ရှင်…သိထားသင့်တယ်။ ကျွန်မက ရှင့်ကို ရူးလို့သာလက်ထပ်ခဲ့တယ်ဆိုတာလေ”

ယောက်ျားဖြစ်သူက ပြန်ပြောတယ်။

“အချစ်ရယ်…ချစ်လျှင် အပြစ်မမြင်ဘူးလေ”

Husband Vs. Wife

Husband: Do you know the meaning of W I F E?

It means, Without Information, Fighting Everytime!

Wife: No darling, it means, With Idiot For Ever

************ *********

Wife: I wish I was a newspaper,

So I'd be in your hands all day.

Husband: I too wish that you were a newspaper,

So I could have a new one everyday.

************ *********

Doctor: Your husband needs rest and peace. Here are some sleeping pills..

Wife: When must I give them to him?

Doctor: They are for you

************ *********

Wife: I had to marry you to find out how stupid you are.

Husband: You should have known it the minute

I asked you to marry me.

************ *********

Husband: Today is Sunday & I have to enjoy it..

So I bought 3 movie tickets.

Wife: Why Three?

Husband: For you and your parents

************ *********

Wife: What will you give me if I climb the great Mount Everest ?

Husband: A lovely Push...!!!

************ *********

Q: What is the most effective way to remember your wife's birthday?

A: Just forget it once and you will never forget it again

************ *********

After a quarrel, a wife said to her husband,

You know, I was a fool when I married you..

The husband replied, "Yes dear, but I was in love and didn't notice!

ဆီလျော်အောင် ကိုယ်တိုင်ဘာသာပြန်ဆိုပါသည်။ ဝေဖန်မှုကို ကြိုဆိုပါသည်။

အားလုံးကိုခင်မင်လေးစားလျက်

ကိုရင်ကျော်

(၁၁-၄-၁၂)

Friday, July 20, 2012

ဖေ့သားချော

ရွာတစ်ရွာမှာဖြစ်တယ်။

ဘုန်းကြီးလူထွက် တစ်ယောက်နဲ့ မိန်းမတစ်ယောက် ချစ်ကြိုးသွယ်ပြီး အကြင်လင်မယား ဖြစ်သွားတယ်။

ဘုန်းကြီးလူထွက်က ရိုးလွန်းလို့ အဲဒီမိန်းမ အပျိုဆိုပြီး အမည်ခံထားပေမယ့် လင်သုံးယောက် ရဘူးပြီး ပွေရှုပ်တာကို မသိရှာဘူး။

မကြာခင် သူတို့မှာ သားယောက်ျားလေး တစ်ယောက်ဖွားမြင်တယ်။

ဘုန်းကြီးလူထွက်က သားကို အလွန်ချစ်တာပေါ့။ ဒါ့ကြောင့် သူကိုယ်တိုင် သီချင်းဆိုပြီး သိပ်လေ့ သိပ်ထရှိတယ်။

သူဆိုတဲ့သီချင်းကတော့................

“ဘယ်သွေးမနှော...............ဖေ့သားချော” လို့ဖြစ်တယ်။

ဒီလိုပုခက်လွှဲပြီး ကလေးသိပ်နေတာကို ပတ်ဝန်းကျင်ကာလသားတွေ ကြားတော့ ခံပြင်းပြီး ဘုန်းကြီးလူထွက်ကြားနိုင်တဲ့နေရာကနေပြီး သီချင်းပြန်ဆိုတယ်။

သူတို့ ပြန်ဆိုတဲ့ သီချင်းကတော့.............

“ရောလည်းရောရာ ဒို့လည်းပါ” ဆိုပြီး ပြန်နှက်ကြတယ်။

ဘုန်းကြီးလူထွက်က အလျော့မပေးဘဲ ပြန်ဆိုလိုက်တာကြောင့် ကာလသားတွေ အသာနောက်ဆုတ်သွားရတယ်။

ဘုန်းကြီးလူထွက် ပြန်ဆိုလိုက်တဲ့ သီချင်းကတော့....................

“ပါပင်ပါငြား.............ငါကများ”

မြန်မာတွေ ပျော်ကြပါစေ။

ကိုရင်ကျော်

--------------