ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား

Thursday, May 10, 2012

Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်း(၃)

မန္တလေးမှငန်းကလေး လို့အမည်ပေးထားပါတယ်………. အခု သင်ခန်းစားလေးကို အောက်မှာ ပေးထားတဲ့ပုံ(၃)ပုံကို အသုံးပြုပြီး ဒီဇိုင်းတစ်ခုလုပ်ကြည်ပါမယ်- ပုံ(၁)

ပုံ(၂)

ပုံ(၃)

နောင်ဆုံးရရှိမည့်ပုံ

စလိုက်ကြရအောင်….. ထုံးစံအတိုင်းပေါ့…ပုံ(၁)မှ(၃)အထိကို သင့်စက်ထဲ ဒေါင်းလိုက်ပါ။   အဆင့်(၁) ပုံအမှတ်(၁)ကို Adobe Photoshop သုံးပြီးဖွင့်လိုက်ပါမယ်။

အဆင့်(၂) Inage Menu က Duplicate ကိုရွေးလိုက်ပါ။ Dialog box ကျလာရင် MyDesign3 ဆိုပြီး အမည်ပေးပြီး OK လုပ်ပါ။

  အဆင့်(၃) ပုံ(၂)ကို ဖွင့်လိုက်ပါ။

အဆင့်(၄) Window menu ကိုသွားပြီး Arrange ကတစ်ဆင့် Tile Vertically ကိုရွေးလိုက်ပါ။

အဆင့်(၅) Tool box က Move Tool ကို ရွေးလိုက်ပါ။ Keyboard က V ကို နှိပ်လည်းရပါတယ်။ Keyboard က Shift ကို နှိပ်ထားပြီး စုံတွဲပုံလေးကို ဖိဆွဲပြီး ဘယ်ဖက်က ကျုံးရေပြင်ပေါ်ကို တင်လိုက်ပါ။ ကျုံးရေပြင်ပေါ်ကို အောက်ပါပုံအတိုင်းရောက်သွားပါမယ်။

Layer Palette မှာ Layer 1 ဆိုပြီး Layer အသစ်တစ်ခုပေါ်လာပါမယ်။ ညာဖက်က စုံတွဲပုံကို ပိတ်လိုက်ပါ။ အဆင့်(၆) Magic Wand Tool ကို ရွေးလိုက်ပါ။ ပုံပေါ်က အဖြူကွက်မှာ Click လုပ်လိုက်ပါ။

Delete Key ကို နှိပ်ပါ။

Ctrl + D ကို နှိပ်ပြီး Deselect လုပ်ပါ။ အဆင့်(၇) ပုံ(၃)ကိုဖွင့်ပါ။ Window menu ကိုသွားပြီး Arrange ကတစ်ဆင့် Tile Vertically ကိုရွေးလိုက်ပါ။

အဆင့်(၈) Tool box က Move Tool ကို ရွေးလိုက်ပါ။ Keyboard က V ကို နှိပ်လည်းရပါတယ်။ Keyboard က Shift ကို နှိပ်ထားပြီး ငန်းပုံလေးကို ဖိဆွဲပြီး ဘယ်ဖက်က ပုံပေါ်ကို တင်လိုက်ပါ။ အောက်ပါပုံအတိုင်းရောက်သွားပါမယ်။

Layer Palette မှာ Layer 2 ဆိုပြီး Layer အသစ်တစ်ခုပေါ်လာပါမယ်။ ညာဖက်က ငန်းပုံကို ပိတ်လိုက်ပါ။ အဆင့်(၉) Magic Wand Tool ကို ရွေးလိုက်ပါ။ Tolerance ကို 15 ပေးလိုက်ပါ။ ပုံပေါ်က အပြာရောင်ပေါ်မှာ Click လုပ်လိုက်ပါ။

Delete ကို နှိပ်ပါ။ Ctrl + D ကို နှိပ်ပြီး Deselect လုပ်ပါ။

အဆင့်(၁၀) Hand Tool ကို Double Click လုပ်ပါ။

Tool box က Move Tool ကို ရွေးလိုက်ပါ။ Keyboard က V ကို နှိပ်လည်းရပါတယ်။ ငန်းပုံကို အောက်ပါအတိုင်းနေရာရွှေ့ပါ-

အဆင့်(၁၁) Image menu က Adjustments သွားပြီး Color Balance ကိုရွေးလိုက်ပါ။ Ctrl + B ကို နှိပ်လည်း ရပါတယ်။

အောက်ပါအတိုင်း Box တစ်ခု ကျလာပါမယ်-

Color Level ကို +73 , -43 , -85 ပြောင်းပြီး OK လုပ်ပါ။

အောက်ပါအတိုင်းငန်းပုံလေးအရောင်ပြောင်းသွားပါမယ်-

ဒီအဆင့်မှာ လုပ်တဲ့ Color Balance ကို မိမိနှစ်သက်ရာ ပြောင်းပြီး ဆောင်ရွက်ကြည်စေလိုပါတယ်။ အဆင့်(၁၂) Layer က Flatten Image ကို ရွေးချယ်ပေးပါ။

Layer တွေအားလုံးပေါင်းသွားပြီး Background ဖြစ်သွားပါမယ်။

Tool Box က Clone Stamp Tool ကိုရွေးလိုက်ပါ။ S ကို နှိပ်လည်းရပါတယ်။

Brush Size ကို 35 ထားပါ။

ပုံရဲ့ ညာဘက် အောက်ထောင့် A စာလုံးနေရာလောက်ကို Alt Key နှိပ်ထားပြီး Click လုပ်ပါ။

Alt ကို လွှတ်လိုက်ပြီး အပေါ်ဖက်က ငန်းအမြီးလေး ကို အပင်တွေဖုံးသွားတဲ့ပုံအဖြစ် ပွတ်ပြီးဆွဲပေးပါ။

Save လုပ်ပြီးသိမ်းလို့ရပါပြီ။ အောက်ပါသင်ခန်းစာများကို လေ့လာနိုင်ပါသည်- (၁) Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်း(၁) http://www.shwemyotaw.com/profiles/blogs/photoshop-7 (၂) Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်း(၂) http://www.shwemyotaw.com/profiles/blogs/photoshop-8?id=5442636 (၃) ကိုယ်ပျောက်ရုပ်ပုံ http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:3029425 (၄) Adobe Photoshop အခြေခံသင်ခန်းစာ(၁) http://www.shwemyotaw.com/profiles/blogs/adobe-photoshop

နည်းပညာကြွယ်ဝနိုင်ကြပါစေ

ကိုရင်ကျော်

(၄-၁၂-၂၀၁၁)(၀၄း၂၀)နာရီ

No comments: