ကိုရင်ကျော်ရဲ့စာများကို နှစ်သက်ပါသလား

Tuesday, May 1, 2012

အောက်ကျတဲ့ ကောင်မလေး ကယ်တင်ပေးတဲ့ကောင်လေးများ

ကောင်မလေးတစ်ယောက် အထပ် ၂၀ ပေါ်ကပြုတ်ကျတယ်။

၁၅ ထပ်ရောက်တော့ ကောင်လေးတစ်ယောက်က ဆီးဖမ်းတယ်။
သူက ငါ့ကိုဖက်ထားမလားလို့ မေးလိုက်တယ်။
ကောင်မလေလေး က မဖက်နိုင်ဘူးလို့ ပြန်ဖြေတယ်။
ကောင်လေးက ကောင်မလေးကို လွှတ်ချလိုက်ပြီး ပျောက်ကွယ်သွားတယ်။
၁၀ ထပ်ရောက်တော့ ကောင်မလေးက ဆီးပြီးဖမ်းတာ ခံလိုက်ရတယ်။
ကောင်လေးတစ်ယောက်ရဲ့ ပွေ့ဖက်ထားတာ ကြုံရပြန်တယ်။ တောင့်တင်းသန်မာလိုက်တာနော်။
အခွင့်အရေးတစ်ခုကို တောင်းဆိုတယ်။
မင်းလေးငါ့ကို နမ်းနိုင်မလားကွယ်တဲ့။

သူက ချက်ချင်း ငြင်းလိုက်တယ်။ မနမ်းနိုင်ဘူးနော်။
ကောင်လေးက သူ့ကို တစ်ချက်ငဲ့ကြည့်ပြီး လွှတ်ချလိုက်ပြန်တယ်။
ကောင်မလေးက နောက်ဆုံးအခွင့်အရေးရဖို့ ဆုတောင်းတယ်။
ကံကောင်းခြင်းက ငါ့ကို မျက်နှာသာပေးပါကွယ်။
၅ ထပ်ရောက်တော့ ကောင်လေးက ဆီးဖမ်းပြန်တယ်။
သူက ချက်ချင်းပြောလိုက်တယ်။
ဥာဏ်နီဥာဏ်နက်ပေါ်လာတယ်။
လိမ်ပြောမယ်လို့ စဉ်းစားတာပေါ့။
ကောင်းပြီလေကွယ်….ငါက မင်းကို ပွေ့ဖက်နမ်းပါမယ်။
ကောင်လေးကတော့ သူ့ကို လွှတ်ချလိုက်တယ်။
မိုက်မဲလှတဲ့ကောင်မလေး သေတာပဲကောင်း တယ်တဲ့။
သင်ခန်းစာပေးတဲ့ ဇာတ်လမ်းလေးပါ။ ကောင်လေးကတော့ တစ်ယောက်ထဲ မဟုတ်ဘူးလေ။ ဘာလို့ ဟန်မဆောင်တာလဲနော်။

Falling Girl : Helping Boys.

A girl fell down from the 20th floor
A boy caught her on 15th floor
And asked her will you hug me?
She replied, of course, not
The boy dropped her and does see!
She was caught on the 10th floor Again held by a boy, strong and firm
Asked for a favor to confirm
He asked her will you kiss me?
She replied no, at instant
He dropped her too and gave a glance
She prayed for a last chance
The luck favored her
A boy held her on the 5th floor
She immediately said
Getting cunning and clever
She tried to tell a lie
Ok I will hug you and kiss you
The boy dropped her
Saying this you bad girl better die
{Moral of the Story: All boys are not same. Be what you are not pretend}

ကျွန်တော်ဖတ်ဖူးတာလေးတစ်ခု ပြောပြပါမယ်။ မြေတွင်းထဲမှာ တီကောင် သားအမိ မနက်စာကို စားနေကြပါတယ်။ အဲဒီအချိန်မှာ တီကောင်အဖေက မြေတွင်းထဲကို ဆင်းလာတယ်။ “အပေါ်မှာ လူတွေနေကြတယ်။ သတိရှိကြ”လို့သူကပြောတယ်။ လူကိုမမြင်ဖူးတဲ့ တီကောင်လေးက “လူဆိုတာ ဘယ်လို အကောင်လဲ”လို့ သူ့အမေကို မေးတယ်။ “သားရယ်…အစာစားရင်း ရွံစရာတွေကို မမေးရဘူး။ လူဆိုတာက အမွှေးအမှင်တွေ အဖုတွေ အထစ်တွေ ခြေတွေလက်တွေနဲ့ တအားကို ရွံဖို့ကောင်းတယ်။ ရွံဖို့သိပ်ကောင်းတယ်။ ငါတို့တွေလို စင်းလုံးချောအကောင်တွေ မဟုတ်ဘူး” လို့ တီကောင်အမေကြီးက ရှင်းပြလိုက်တယ်တဲ့ကွယ်။


အားလုံးကိုခင်မင်လေးစားလျက်

ကိုရင်ကျော်

(၃၀-၄-၂၀၁၂)

No comments: