အချိန်မရွေး၊ အသက်အရွယ်မရွေး ပညာရေးလိုလားသူတိုင်း လေ့လာနိုင်တဲ့
ဝက်ဘ်ဆိုက် ၉ ခုကို ဖော်ပြလိုက်ပါတယ်။ အခုဆိုက်အားလုံးဟာ အပြည့်အ၀ကို အခမဲ့သင်ယူနိုင်ပြီး
သမိုင်းဘာသာကနေ ပရိုဂရမ်မင်းဘာသာအထိ ဘာသာအမျိုးမျိုးကို လေ့လာလို့ရမှာပါ။
၁။ Coursera.org
ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေ၊ ပြတိုက်တွေနဲ့ ပါတနာလုပ်ထားတဲ့ ၀က်ဘ်ဆိုက်ဖြစ်ပါတယ်။
အဲဒါကြောင့် မယုံနိုင်လောက်အောင် များပြားတဲ့ သင်ခန်းစာတွေကို သင်ယူနိုင်မှာပါ။ လိပ်စာက
http://www.course.org/campus ပါ။
၂။ Khan Academy
ကမ္ဘာတ၀န်းက စာသင်ကျောင်းအများအပြားနဲ့ ချိတ်ဆက်ထာြး့ပီး သုံးရလွယ်ကူပါတယ်။
ဒါ့အပြင် ၀က်ဘ်တစ်ခွင်က သင်ခန်းစာအများအပြားကိုလည်း စုဆောင်းပေးထားပါတယ်။ သည်တော့ ဘာသာရပ်မျိုးစုံရှိပါတယ်။
လိပ်စာက https://www.khanacademy.org ပါ။
၃။ Open Culture Online Courses
ဘာသာရပ်တစ်ခုကို သီးသန့်သင်ချင်တယ်ဆိုရင် ဒီဆိုက်ကိုသာ ၀င်ကြည့်ုလိုက်ပါ။
ကမ္ဘာတ၀န်းက တက္ကသိုလ်တွေရဲ့ သင်ခန်းစာပေါင်း ၁၀၀၀ ကျော်ကို စုစည်းထားပါတယ်။ ဒါ့အပြင်
တက္ကသိုလ်သီးသန့်ဆိုက်တွေမှာသာတင်တဲ့ သင်ခန်းစာတွေကို ဒီမှာ ဖော်ပြထားပါတယ်။ အားလုံးကို
အလွယ်တကူရှာဖွေနိုင်ပါတယ်။ လိပ်စာက http://www.openculture.com/freeonlinecourses ပါ။
၎။ Udemy
သူက နံပါတ်၁ ကCoursea နဲ့တူပေမယ့် သင်တန်းတွေကို ကိုယ့်စိတ်ကြိုက်
ထုတ်နှုတ်ပြီး တစ်ပိုင်းတစ်စစီ တက်နိုင်တာ ပိုပါတယ်။ သူ့မှာ အခမဲ့ရော၊ သင်တန်းကြေးပါ
ပေးပြီးတက်နိုင်တဲ့ သင်ခန်းစာတွေ ရှိပါတယ်။ လိပ်စာက https://www.udemy.com/…
ပါ။
၅။ Academic Earth
အထက်က ဆိုက်တွေအတိုင်း များပြားတဲ့သင်ခန်းစာတွေကို သင်ကြားပေးပါတယ်။
သူ့ထူးခြားချက်က ဘာသာရပ်နဲ့ ကျောင်းနာမည်ကို စာရင်းလုပ်ပေးထားတဲ့အတွက် တစ်ခုခုကို ရှာဖွေချင်တဲ့သူအဖို့
ပိုလွယ်ကူစေပါတယ်။ လိပ်စာက http://academicearth.org ပါ။
၆ Harvard Extension
ဟားဗတ်တက္ကသိုလ်မှာပဲ သင်တဲ့ အွန်လိုင်းသင်ခန်းစာတွေကို ဒီမှာ လေ့လာနိုင်မှာပါ။
ဒါ့အပြင် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးတဲ့ သင်တန်းတွေကိုလည်း ဟားဗတ်မှာ ရှာဖွေနိုင်ပါတယ်။
လိပ်စာက http://www.extension.harvard.edu/open-learning-initiative ပါ။
၇။ Open Yale Courses
ဟားဗတ်လိုပဲသင်ပေးတဲ့ ယေးလ်ရဲ့ အွန်လိုင်းဆိုက်ပါ။ တက္ကသိုလ်စာသင်ချိန်မှာ
ရိုက်ကူးထားတဲ့ သင်ခန်းစာတွေကို ဗီဒီယိုဖိုင်တွေနဲ့ တင်ပေးထားတာပါ။ စာဖတ်တာထက် ဗီဒီယိုဖိုင်ကြည့်ရတာ
ပိုကြိုက်ရင် ဒီဆိုက်က အဆင်ပြေစေမှာပါ။ လိပ်စာက http://oyc.yale.edu/ ပါ။
၈။ Code
Programming, Software, App ရေးသားနည်းတွေကို သင်ချင်ရင် ဒီဆိုက်ကို
ကြည့်ပါ။ လူကြီးတွေအတွက်သာမက ကလေးတွေကိုပါ သင်ကြားပေးတဲ့သင်ခန်းစာတွေ ရှိပါတယ်။ လိပ်စာက
http://code.org/learn ပါ။
၉။ Alison
သင်တန်းတက်ရုံမက အသိအမှတ်ပြုလက်မှတ်ပါ ထုတ်ပေးတဲ့ ဆိုက်တစ်ခုပါ။
စီးပွားရေး၊ နည်းပညာနဲ့ ကျန်းမာရေးကို အဓိကထား သင်ကြားပေးပေမယ့် ဘာသာစကားသင်တန်းတွေလည်း
ရှိပါတယ်။ လိပ်စာက http://alison.com/ ပါ။
#စုပြည့်စုံ
No comments:
Post a Comment