တစ်ခါတုန်းက ရွာတစ်ရွာမှာ လူတစ်ယောက်ဟာ လမ်းလျှောက်ရင်းနဲ့
ဆင်တစ်ကောင်တွေကိုတွေ့ခဲ့တယ်။ ဆင်ဟာထူးဆန်းတာကြောင့် သူဟာလမ်းလျှောက်တာကို
ရပ်ပြီး ဆင်ကိုသေချာကြည့်တော့ ဆင်ရဲ့ခြေထောက်မှာ ကြိုးသေးသေးလေး
တစ်ချောင်းပဲ ချည်ထားတာ တွေ့ရတယ်။ တခြားဘာနဲ့မှ ဆင်ကိုနှောင်ဖွဲ့မထားပဲ
သေးငယ်တဲ့ကြိုးလေးနဲ့ပဲ ချည်နှောင်ထားတာကြောင့် ဆင်ဟာအချိန်မရွေး
ရုန်းကန်လွတ်မြောက်နိုင်တဲ့ အခြေအနေဖြစ်တယ်။
.
ဒါနဲ့သူဟာ ဘေးနားမှာ အေးဆေးထိုင်နေတဲ့ ဆင်ထိန်းကိုမေးလိုက်တယ်..
.
"ဒီလောက်ကြီးမားပြီး အန္တရာယ်များတဲ့ ဆင်ကြီးကို ဘာလို့ဒီလိုလေးပဲ ချုပ်ထားတာလဲဗျ၊ မတော် လွတ်သွားရင် ဘယ်လိုလုပ်မလဲ"
.
ဆင်ထိန်းက ပြန်ဖြေတယ်..
.
"ဒီလိုဗျ.. ဒီဆင်ကို သူငယ်ငယ်လေးကတည်းက ဒီလောက်အရွယ်ကြိုးနဲ့ပဲ
အမြဲချည်လာတာလေ၊ အဲ့တုန်းကတည်းက သူမရုန်းနိုင်ခဲ့တော့ သူ့စိတ်ထဲဒီကြိုးကို
မရုန်းနိုင်တော့ဘူးဆိုတဲ့စိတ် အမြဲစွဲနေတာပေါ့၊ အဲ့တော့ သူဘယ်တော့မှ
ရုန်းထွက်ဖို့ကြိုးစားမှာ မဟုတ်တော့ဘူး"
.
သင်ခန်းစာ
.
ကျဆုံးမှု့တွေကြုံရလို့ ငါမဖြစ်နိုင်တော့ပါဘူးလို့ ဘယ်တော့မှ
စိတ်ဓါတ်မကျလိုက်ပါနဲ့။ ကျဆုံးမှု့တွေကို သင်ခန်းစာယူပြီး
ရုန်းထွက်နိုင်ဖို့ ကြိုးစားပါ။ ယနေ့မလုပ်နိုင်ရင်တော့ တစ်နေ့နေ့တော့
လုပ်နိုင်လာမှာပါ။
.
(The Elephant Rope ဆိုသည့် စာစုလေးအား ဘာသာပြန်ဆိုပါသည်"
.
အောင်ခန့်
No comments:
Post a Comment