ကျွန်တော် ဖတ်မိတဲ့ ထဲက ကောက်နုတ်ချက်ကလေးပါခင်ဗျာ…
ကာရန်မပါတဲ့ကဗျာ
ဒဂုန်တာရာ
“ကာရန်မပါရင်တော့ ကဗျာလို့ ဘယ်လိုလုပ်ခေါ်နိုင်ပါ့မလဲ။
ကျွန်တော်ကတော့ ယနေ့ထိ ကာရန်မပါတဲ့ ကဗျာမျိုးကို မကြိုက်မိသေးပါ။
ကြိုက်မိရင်လည်း လိုက်ရေးဖို့ အဆင်သင့်ပါပဲ။ ကျွန်တော့်အဖို့ ယနေ့အထိ လေးလုံးစပ်လင်္ကာဟာ ခံစားမှုကို အလွတ်လပ်ဆုံးရေးလို့ရတဲ့ ကဗျာ ပုံသဏ္ဍာန်ပဲ ဖြစ်နေပါသေးတယ်”
ကြိုက်မိရင်လည်း လိုက်ရေးဖို့ အဆင်သင့်ပါပဲ။ ကျွန်တော့်အဖို့ ယနေ့အထိ လေးလုံးစပ်လင်္ကာဟာ ခံစားမှုကို အလွတ်လပ်ဆုံးရေးလို့ရတဲ့ ကဗျာ ပုံသဏ္ဍာန်ပဲ ဖြစ်နေပါသေးတယ်”
ဒဂုန်တာရာ
နှလုံးသား၏လျှို့ဝှက်အစီရင်ခံစာ
ရှုမ၀မဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၁၉၇၁
ကာရန်မဲ့
ဇော်ဂျီ(၁၉၀၇-၁၉၉၀)
“ဟုတ်တယ်။ ကာရန်မဲ့ဆိုတာ ကဗျာမှာမရှိဘူး။
ကာရန်လွတ်နေတာပဲရှိတယ်။ အသံပါတယ်။ ရစ်သမ်ပါတယ်။ ကာရန်နဲ့ရစ်သမ် တစ်ခုခုမပါရင် ကဗျာမဟုတ်ဘူး။
FREE VERB ကို ကာရန်မဲ့လို့ တလွဲဘာသာပြန်နေကြတာပဲ။ အမှန်က ကာရန်မဲ့တာ မဟုတ်ဘူး။ ကာရန်ကို
လွတ်လွတ်လပ်လပ် ယူနိုင်တာပဲ။ FREE ကို မဲ့ နဲ့ လွတ်လပ် အဓိပ္ပါယ်မှားပြီး ဒီမှာယူဆနေကြတာ”
မောင်စိန်ဝင်း(ပုတီးကုန်း)
“ဆရာဇော်ဂျီသို့အမှတ်တရ”
ဇော်ဂျီအမှတ်တရစာစုများ၊
ရန်ကုန်၊ အားမန်သစ်စာပေ၊ ဇူလိုင်၊ ၁၉၉၄
No comments:
Post a Comment